Subscribe to our RSS Feed

သမ္မတရုံးဦးသိန်းစိန် ဖနွမ်းပင်သို့ရောက်ရှိ







 
၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တတ်ရောက်မည့် သမ္မတဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့တည်းခိုမည့် ကမ္ဘောဒီးယားနိုင်
ငံ ဖနွမ်းပင်မြို့ရှိ Hotel Combodiana သို့ ရောက်ရှိလာပြီဖြစ်သည်။




သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ကမ္ဘောဒီးယားစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ကျော်တွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Cambodiana ဟိုတယ်သို့ ယခုရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့မွန်းလွဲပိုင်းတွင် ဖနွမ်ပင်မြို့ရှိ Sofital ဟိုတယ်တွင်ကျင်းပနေသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုထိပ်သီးအစည်းဝေးသို့ တက်ရောက်မိန့်ခွန်းပြော ကြားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်ထုတ်အစည်းအဝေးအစီအစဉ်များတွင်ဖော်ပြခဲ့သော်လည်း ၁၆ ရက်တွင်ထပ်မံထုတ်ပြန်သည့် အစည်းအဝေးအစီအစဉ်အရ သမ္မတဦးသိန်းစိန်မိန့်ခွန်းပြောကြားမည့်အစီအစဉ်မပါရှိတော့ဘဲ အာဆီယံအထွေထွေအတွင်းရေးမှုးချုပ် ဆူရင်ပစ်စူဝမ်တစ်ဦးတည်းသာမိန့်ခွန်းပြောကြားမည်ဖြစ်သည်။

  
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်