From : သမ္မတရုံး
Myanmar Express



နေပြည်တော် နိုဝင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက် နာဂျစ်ဘင်ထွန်း
ဟာဂျီအဗ္ဗဒူရာဇတ်အား ယနေ့ ညနေ (၂)နာရီ မိနစ်(၄ဝ)တွင် ဖနောင်ပင်မြို့ ရှိ
Peace Palace စတုတ္ထထပ် Call Room ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေး
တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ယဉ်ကျေးမှု
ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်စန္ဒာခင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ
တက်ရောက်ကြပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီး
များနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်
မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် နိုင်ငံအကျိုးတူ ကိစ္စရပ်များ၊
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများပေးအပ်ရေး ကိစ္စရပ်များ၊ အာဆီယံ
အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သည့် နည်းပညာများ၊
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပေါ်လာပြီဖြစ်၍
နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်
ဆောင်ရွက်ရန် ကိစ္စကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်