Subscribe to our RSS Feed

ဂါဇာတွင် အစ္စရေးသူလျှိုအဖြစ် စွပ်စွဲခံရသူအား သတ်ဖြတ်၍ ဆိုင်ကယ်ဖြင့်တရွတ်ဆွဲ

From : Planet


ဂါဇာဒေသတွင် အစ္စရေးအတွက် သူလျှိုအဖြစ် လုပ်ဆောင်ပေးကြောင်း စွပ်စွဲခံရပြီးနောက် လူ(၆)ဦး သတ်ဖြတ်ခံရကာ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် တရွတ်ဆွဲခဲ
့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများနှင့် အစ္စရေးတို့ကြား တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက်လာချိန်တွင် ဂါဇာစီးတီး၌ လူ(၆)ဦးမှာ သူလျှိုများအဖြစ် စွပ်စွဲခံရပြီး ယခုလို ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။

မျက်မြင်များက လူအများအပြား ရှေ့မှောက်တွင်ပင် မော်တော်ဆိုင်ကယ်စီး လူရမ်းကား တစ်စုက လူ(၆)ဦးအား ပစ်သတ်ကာ အလောင်းများကို ဆိုင်ကယ်နောက်တွင် ကြိုးချည်ပြီး တရွတ်တိုက် ဆွဲခေါ်သွားခြင်းဟုပြောကြားခဲ့ကြသည်။ လတ်တလောတွင် အစ္စရေးသည် ပါလက်စတိုင်း
ပြည်သူအချို့အား နေရပ်ကို စွန့်ခွာရန် သတိပေးပြီး မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။

ပါလက်စတိုင်းမှ သေနတ်သမားများသည် ၎င်းတို့ သူလျှိုအဖြစ် စွပ်စွဲထားသူများကို ရုံးတင်စစ်ဆေးမှု လုံးဝမရှိဘဲ အများသူငါ စံပြဖြစ်စေရန်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံး ရုပ်အလောင်း တစ်ခုသည်ခြေထောက်တွင် သံကြိုးဖြင့် ချည်နှောင်ပြီး ဂါဇာစီးတီး လမ်းမများ
တစ်လျှောက် ဆိုင်ကယ်ဖြင့် တရွတ်တိုက် ဆွဲယူပြသခြင်း ခံခဲ့ရသည်။ ၎င်းတို့က အဆိုပါ အသတ်ခံရသူသည် ပါလက်စတိုင်းကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။ ဟားမတ်စ် လုံခြုံရေး တပ်ဖွဲ့များကမူ ယင်းကိစ္စကို အလေးအနက် မှတ်ချက်ပေးမှုမျိုး မပြုခဲ့ဘဲ သေနတ်သမား
များသည် ၎င်းတို့၏ လုပ်ရပ်ကို ကြိုတင် မှတ်တမ်းတင်ရန် စီစဉ်ထားခဲ့
ဟန်ရှိကြောင်းသာ ပြောဆိုခဲ့သည်။

ထို့အပြင် အင်္ဂါနေ့ညက အသက်(၄)နှစ်နှင့် (၂)နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် အစ္စရေး လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကျန်းမာရေးဌာနက စွပ်စွဲခဲ့သည်။

ဟားမတ်စ်တို့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ပြီး အစ္စရေးလေတပ်က တုံ့ပြန်ခဲ့သော ပဋိပက္ခအတွင်း ပါလက်စတိုင်း (၁၁၀)ကျော်နှင့် အစ္စရေး (၃)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ လတ်တလောတွင် အစ္စရေးသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့်ဆွေးနွေးရန်အတွက် မြေပြင်ထိုးစစ် ဆင်နွှဲရေးကို ခေတ္တ ဆိုင်းငံ့
ထားလိုက်ကြောင်း သိရှိရသည်။


 Myanmar Express 

4 comments:

M.E ခင်ဗျာ---------
United Liberation Front of Assam(ULFA)ဆိုတဲ့အဖွဲ့အစည်းအကြောင်းကိုအသေးစိတ်သိခြင်ပါတယ်။ကျေးဇူးပြုပြီးတင်ပေးပါရန်မေတ္တာရပ်ခံပါတယ်။
လေးစားစွာဖြင့်
A 1(M)

extremists Muslims are not civilize at all

အစ္စရေးလုပ်ရပ်ကမှန်ပါတယ်...ပါလက်စတိုင်းပြီးရင် အီရန်ကိုဆက်ဆော်သင့်ပါတယ်..အီရန်ပြီးရင်တော့ရိုဟင်
ဂျာ ဘင်္ဂါလီခေါ်တောကုလားတွေကိုပေါ့ဗျာ

Peace-loving people????????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်