Subscribe to our RSS Feed

သပိတ်ကျင်း ငလျှင်ဒဏ်ခံ ဒေသများ စစ်တပ်မှလွဲ၍ ကူညီသူမရှိ

From : မြဝတီ

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အလယ်ပိုင်း
တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောနှင့်အတူ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့ အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်းပြည့်ဘုရား၊ ဇေယျသုခကျောင်း စံကျောင်းတော်၊ ဆိပ်ကမ်း ရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ် ပညာရေး မှူးရုံးများသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက် အအုံများ ပြန်လည်ဆယ်တင် ရေးလုပ်ငန်းများကို နယ်မြေခံတပ်မ တော်သားများနှင့် မိသားစု ဝင်များမှ ဆောင်ရွက်ပေး နေမှုများအား ကြည့်ရှု အားပေးပြီး အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်း ပြည့်ကျောင်း ဆရာတော် ဦးဣဿရိယကို ဖူးမြော်ကြည်ညိုကာ ကျောင်းအတွက် ရုပ်မြင်သံကြားဖမ်း စက်နှင့် လှူဖွယ် ပစ္စည်းများအား ဆက် ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်သူ့ဆေးရုံ ယာယီ အဆောက်အအုံ၌ ကျန်းမာရေးဝန်ထမ်း များနှင့် တပ်မတော်နယ်လှည့် ဆေးကု သရေးအဖွဲ့တို့ ပူးပေါင်း၍ ငလျင်ဒဏ် သင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေးသည်။

ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် အညာတောရွာရှိ အညာသီဟတော မြတ်စေတီ ရွှေထီးတော်နှင့် တံခွန်တိုင် တိမ်းစောင်းနေမှု၊ ဂန္ဓကုဋိ တိုက်၊ မုခ်ဝများ၊ ရင်ပြင်တော်များ ပျက် စီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂေါပ ကအဖွဲ့ထံ အလှူငွေများ လှူဒါန်းသည်။

ဆက်လက်၍ သပိတ်ကျင်း တပ်နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း စုပေါင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားများကို အမှာစကား ပြောကြားပြီး ရုပ်မြင်သံကြား ဖမ်းစက်၊ စားသောက်ဖွယ်ရာ များနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူ သည်။ ယင်းနောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးနှုတ် ဆက်သည်။

ထို့နောက် သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများ စားသုံးရန် ချက်ပြုတ် ပြင်ဆင်ထားမှု၊ ငလျင်ဒဏ် ခံရသော အဆောက် အအုံများကို ပြန်လည်ပြင် ဆင်နေမှုနှင့် အိမ်ထောင်သည် လိုင်းခန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express 

1 comments:

What a funny news !!!
What a shameful you are !!!!
You guys are sucking pig than shwe and his family.
Now our country is worse and worse bez of them.
Think deeply to write news to our people, monk and DAw Su.
Bastard !!! Fuck you!!!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်