Subscribe to our RSS Feed

သမ္မတကြီး ဦးသိန်းစိန် နှင့် အိုဘားမားတို့ အပြန်အလှန်ပြောဆိုသည့် စကားများ

From : dvb



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဦးသိန်းစိန် - “ကျနော်တို့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် အမေရိကန်သမ္မတရဲ့ အမြော်အမြင် ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ကြိုးပမ်းမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့်

ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ အားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။”

ဦးသိန်းစိန် - “သမ္မတကြီးသုံးစွဲတဲ့စကားအတိုင်း Move forward ဆိုတဲ့စကားအတိုင်း ကျနော်တို့လည်း သွားရမှာဖြစ်ပါတယ်။”

အိုဘားမား - “သမ္မတကြီးနဲ့တကွ အားလုံးက ပျူပျူငှာငှာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောလိုပါတယ်။ ကျနော့်အနေနဲ့ အချိန်တိုတိုပဲ ရတယ်။ မိန့်ခွန်းတခုလည်း ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေအတွက် သိသင့်သိထိုက်တဲ့ဟာတွေ အဲဒီကျတော့ ကျနော်ပြောမှာပါ။ ကျနော်ပြောချင်တာကတော့ ကျနော်တို့နှစ်ဦး ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ဟာတွေ အများကြီး ပြောခဲ့ပါတယ်။”

“ကျနော်သမ္မတကြီးကို ပြောခဲ့တဲ့ကိစ္စကတော့ သူလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ဟာ အရှေ့ကို တိုးတက်ဖို့အတွက် အထောက်အကူပြုမယ်ဆိုတဲ့အကြောင်း။

“သမ္မတကြီး လုပ်ခဲ့တာတွေကတော့ လူ့အခွင့်အရေးကိစ္စတွေ၊ ကလေးစစ်သားကိစ္စတွေ ဒါတွေအားလုံးဟာ လူ့အခွင့်အရေးဆွေးနွေးပွဲတွေမှာလည်း ဆွေးနွေးပြီးသားဖြစ်လို့ ဒါဟာ တကယ်ပဲ တိုင်းပြည်တိုးတက်အောင် အကျိုးပြုမယ့် သဘောရှိပါတယ်။ ဒါဟာလည်း အရှည်သဖြင့်သွားရမယ့် ခရီးအတွက် ပထမဆုံးခြေလှမ်းလို့ ရှုမြင်ပါတယ်။ သမ္မတကြီး ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲရေးတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ တကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေမယ့် အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ဦးနှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်အောင်လုပ်တာဟာ တကယ်ပဲ ဒီနိုင်ငံသာမက ဒေသတွင်း တိုးတက်မှုတွေရော တကမ္ဘာလုံးတိုးတက်မှုတွေ အတွက်ပါ အကျိုးပြုပါလိမ့်မယ်။”

“နောက်တခုက သမ္မတကြီးတို့အနေနဲ့ ဆုပ်ဆုပ်ပိုင်ပိုင်လုပ်ခဲ့တဲ့ ကိစ္စတခုကတော့ လူအများကို သေကျေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို ပပျောက်အောင်လုပ်တဲ့အတွက် မပြန့်ပွားအောင်လုပ်ခဲ့တဲ့ ကိစ္စတွေမှာ ဒါတွေဟာ အရေးကြီးပါတယ်။ ဒါတွေလုပ်ကိုင်နိုင်ခဲ့တာ ကောင်းပါတယ်။”

“သမ္မတကြီး ကျနော်တို့ကို အခုလိုကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတခေါက်တင်မကပါဘူး၊ နောက်တခေါက်လည်း လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်