Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက်အိုဘားမားအား လက်ခံ တွေ့ဆုံ

From :သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု သမ္မတမစ္စတာဘားရက် အိုဘားမားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး အမေရိကန် ပြည်ထောင်စုသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စဟီလာရီကလင်တန်၊ သမ္မတ၏ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ မစ္စတာသောမတ်စ် ဒိုနယ်လန်၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးရာ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး မစ္စတာမိုက်ကယ်ဖရိုမန်၊ အာရှပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းမ်ဘဲလ်၊ နည်းဗျူဟာ ဆက်သွယ်ရေး ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး မစ္စတာဘန်ရို့ဒ်စ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။    

ရှေးဦးစွာ သမ္မတ မစ္စတာဘားရက်အိုဘားမားသည် နံနက်(၁ဝ)နာရီမိနစ်(၂ဝ)တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံသို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတက လွှတ်တော် အဝင်ခန်းမရှိ အမိမြန်မာပြည် ရုပ်တုရှေ့၌ ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် အမိမြန်မာပြည် ရုပ်တုရှေ့၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အမေရိကန်သမ္မတက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် သမ္မတမစ္စတာဘားရက်အိုဘားမားအား ဧည့်ခန်းမ၌ တစ်နာရီခန့် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသမ္မတတို့သည် ပြည်တွင်း၊ ပြည်ပမှ မီဒီယာများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားကြသည်။

ရှေးဦးစွာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကအမေရိကန် သမ္မတကြီး၏ ဤခရီးစဉ်သည် မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းတင်ရမည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ 

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် တတည်းက သံတမန်ဆက်သွယ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊  ထိုစဉ်ကတည်းက ရင်းနှီးချစ်ခင်စွာ ဆက်ဆံလာခဲ့ကြသည့် နိုင်ငံများလည်းဖြစ်ပါကြောင်း။

လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်ကာလတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကြောင်းကြောင်းကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရပါကြောင်း၊ သို့သော် မစ္စတာအိုဘားမားသမ္မတ ဖြစ်လာခဲ့ပြီးသည့် နောက်ပိုင်းတွင် သမ္မတကြီး၏ အမြော်အမြင်ရှိမှု၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့၏ ဝိုင်းဝန်းကြိုးပမ်း အားထုတ်မှုတို့ကြောင့် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် ထူးထူးခြားခြား ကောင်းမွန်လာပါကြောင်း၊ ယင်းတိုးတက်ကောင်းမွန်လာသည့် ဆက်ဆံရေးကို ရေရှည်တည်တံ့ ခိုင်မြဲအောင် မိမိတို့ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် နှစ်နိုင်ငံတန်းတူရည်တူရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှုများဖြင့် ရှေ့သို့ဆက်၍ ခရီးဆက်သွားမည် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီးတော့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးတို့ကို ကမ္ဘာ့စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် မြန်မာလူမျိုးများ၏ အရည်အသွေး၊ အဆင့်အတန်းများမြင့်မားလာရန်နှင့် ဝန်ထမ်းများ၏အရည်အသွေးကို မြှင့်တင်နိုင်ရန်တို့အတွက် အမေရိကန်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်သမ္မတကြီးဆီကလည်း သဘော တူညီချက်များ ရရှိထားပြီ ဖြစ်ပါကြောင်း။

ယနေ့မိမိတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုမှရရှိလာသည့် အကျိုးရလဒ်များကို မြန်မာပြည်သူများ ထိုက်ထိုက်တန်တန် ခံစားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်း၊ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာအောင် ဆောင်ကြဉ်း ပေးခဲ့သည့် သမ္မတကြီး၏အမြော်အမြင်ကြီးမှု၊ နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်၏ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ အမေရိကန်သံအမတ်ကြီးနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းများ၏ကြိုးစားမှုများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း။       

အမေရိကန်သမ္မတကြီး သုံးစွဲပြောဆိုလေ့ရှိသည့် စကားအတိုင်း မိမိတို့ကလည်းMove Forward ဟူ၍ ရှေ့သို့ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် အမေရိကန်သမ္မတမစ္စတာ ဘားရက်အိုဘားမားက သမ္မတကြီးနှင့်တကွ မြန်မာပြည်သူများ၊ ပုဂ္ဂိုလ်များအားလုံးကိုမိမိတို့အား ပျူပျူငှာငှာရင်းရင်းနှီးနှီး ကြိုဆိုသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းကို ပထမဦးစွာပြောကြားလိုပါကြောင်း၊ မိမိတို့နှစ်ဦး ဆွေးနွေးခဲ့ရာတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို များစွာ ဆွေးနွေးဖြစ်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသမ္မတကြီးကို ပြောကြားခဲ့သည့် ကိစ္စရပ်များမှာ သမ္မတကြီးဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများမှာ အမှန်တကယ်ပင် မြန်မာနိုင်ငံကိုတိုးတက်ရာ တိုးတက်ကြောင်းကို ဖြစ်စေမည့် အကြောင်းများပင် ဖြစ်ပါကြောင်း၊ သမ္မတကြီးဆောင်ရွက်ခဲ့သည့် လူ့အခွင့်အရေး ကိစ္စရပ်များ၊ ကလေးစစ်သားကိစ္စရပ်များကို မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ပြီး ယင်းတို့မှာတိုင်းပြည်အတွက် အကျိုးရှိစေသည့် ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊  အရှည်သဖြင့်သွားရမည့် ခရီးအတွက် ပထမဆုံး ခြေလှမ်းဟု မိမိမြင်ပါကြောင်း၊ နိုင်ငံရေးအရတိုးတက်အောင် သမ္မတကြီး ဆောင်ရွက် ခဲ့သည့် ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများက အမှန်တကယ်ပင် ဤနိုင်ငံကိုတိုးတက်ရာ တိုးတက်ကြောင်းများ ဖြစ်စေမည့် အကြောင်းကိစ္စများပင် ဖြစ်ပါကြောင်း။

မိမိတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုများ၊ တိုးတက်မှုများသည် အမှန်တကယ် ဤနိုင်ငံသာမက ဒေသတွင်းတိုးတက်မှုနှင့် တစ်ကမ္ဘာလုံးတိုးတက်မှုများ အတွက်ပါ အကျိုးပြုလိမ့်မည် ဖြစ်ပါကြောင်း။ ရှေ့ဆက်ရမည့် ခရီးရှည်အတွက် ယင်းမှာခြေလှမ်း တစ်ရပ်ဟု မိမိတို့ယုံကြည်ပါကြောင်း။

နောက်တစ်ချက်မှာ သမ္မတကြီးတို့ အနေဖြင့် ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတစ်ခုဖြစ်သည့် လူအများကို သေကြေပျက်စီးစေနိုင်သည့် လက်နက်ကြီးများ မပျံ့ပွားအောင် လုပ်ဆောင်နိုင်ခြင်းမှာ အလွန်ကောင်းမွန်ပါကြောင်း၊ သမ္မတကြီးကယခုကဲ့သို့ ကြိုဆိုသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊  ယခုတစ်ခေါက်တွင်မက နောက်လည်း လာနိုင် လိမ့်မည်ဟု မိမိမျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံသမ္မတများသည် အပြန်အလှန်ရင်း နှီးခင်မင်စွာထပ်မံ နှုတ်ဆက်ကြ သည်။  

  Myanmar Express 

1 comments:

All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .

Obama insult our President U Thein Sein , all Myanmar people and all Rakhine people because he used Rohingya word in Yangon University.

He should only use illegal Bangalis instead of Rohingya word. OIC support Obama. So All Myanmar people must protest Obama about his Rohingya word in Yangon University.

Myanmar government , Myanmar people and Rakhine people don’t need to respect human rights of Bangalis and Myanmar muslims in Myanmar because they ( Bangalis and Myanmar Muslims ) don’t respect Myanmar people and Rakhine people human rights ( 90 % Bangalis kill , rape , burn all Rakhine people and Myanmar people in Rakhine state and Myanmar ).

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်