Subscribe to our RSS Feed

မြန်မာနှင့်အမေရိကန်ကုန်သည်ကြီးများအသင်းချုပ်များပူးပေါင်း၍ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုကွန်ဖရင့်ကြီးတစ်ခုကျင်းပမည်

From : Yangon Media Group
 


မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အစိုးရချင်းဆက်ဆံမှုများ တိုးတက်ဖြစ်ထွန်းမှုကိုပြသသည့် အနေဖြင့် အမေရိကန်သမ္မတဘားရတ်အိုဘားမားမြန်မာပြည်သို့ တစ်ရက်တာလာရောက်သည့် အချိန်နှင့်တစ်ပြိုင်တည်းမှာပင် အဆိုပါနှစ်နိုင်ငံအကြား စီးပွးရေးလုပ်ငန်းချင်းဆက်ဆံမှုများ တိုးတက်လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ရန်ကုန်မီဒီယာဂရု(ပ်)သို့ပြောကြားသည်။

`ကျွန်တော်တို့မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နဲ့ အမေရိကန်နိုင်ငံကုန်သည်ကြီးများအသင်းချုပ် U.S Chamber of Commerce တို့ပူးပေါင်းပြီး အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုဆက်ဆံရေး- ရှေ့သို့လမ်းကြောင်း အမည်နဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ကွန်ဖရင့်ကြီးတစ်ခုကျင်းပသွားပါတော့မယ်`ဟု ဦးဝင်းအောင်က ဆက်လက်ပြောဆိုသည်။
ထိုကွန်ဖရင့်ကြီးကို ရန်ကုန်မြို့၊မင်းရဲကျော်စွာလမ်းရှိ ကုန်သည်အသင်းချုပ်ကြီးတွင် ဖေဖော်ဝါရီ ၂၅ရက်တွင် ကျင်းပပေးမည်ဖြစ်ကြောင်းသိရသည်။ ထိုကွန်ဖရင့်ကြီးသို့ နှစ်နိုင်ငံစလုံးမှ အဆင့်မြင့် အစိုးရအရာရှိကြီးများနှင့်လုပ်ငန်းရှင်ကြီးများတက်ရောက်ကြမည်ဖြစ်သည်။

ထိုကွန်ဖရင့်ကြီးတွင် အမေရိကန်-မြန်မာ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုဆိုင်ရာဆက်ဆံရေး၊ဆွဲဆောင်မှုရှိသော ရင်းနှီးမြှပ်နှံမှုဝန်းကျင်ဖန်တီးရေး၊ မြန်မာနိုင်ငံ၏စွမ်းအင်အရင်းအမြစ်များဖွံ့ဖြိုးရေး၊သတင်းအချက်အလက်နည်းပညာဖြင့် စီးပွားတိုးတက်မှုမောင်းနှင်ရေး၊သန်စွမ်းသောဘဏ္ဍာရေးကဏ္ဍတည်ထောင်ရေး၊ကော်ပိုရိတ်လူမှုတာဝန်ထမ်းဆောင်ရေး၊မြန်မာကို အာဆီယ၊ဒေသတွင်းနှင့်ကမ္ဘာအတွင်းပေါင်းစပ်ချိတ်ဆက်ရေးမျာကို အဓိကထားဆွေးနွေးသွားမည်ဟုသိရသည်။
စိတ်ဝင်စားသူများ ကုန်သည်အသင်းချုပ်နှင့်ဆက်သွယ်ကြပါရန် အသင်းချုပ်က မေတ္တာရပ်ခံထားသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်