Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဖနောင်ပင်မြို့ရှိ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများအားတွေ့ဆုံ

From : သမ္မတရုံး



နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ ခေတ္တတည်းခိုသည့် Hotel Cambodiana ၌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင် နှင့် ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ် ရဲနိုင်မျိုးနှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများနှင့် ကမ္ဘောဒီိးယားနိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာသင်တန်းသားများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတအား သံအမတ်ကြီးနှင့် စစ်သံမှူးတို့ ဦးဆောင်သော သံရုံး၊ စစ်သံရုံး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် သင်တန်းသားများက မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ဂါရဝပြု ကန်တော့ကြရာ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံဆက်ဆံရေး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက သြဝါဒစကားပြောကြားရာတွင် ကမ္ဘောဒီးယားနှင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ချင်း ဆက်စပ်တူညီမှုရှိပြီး အပြန်အလှန် ချစ်ခင်လေးစားမှုရှိသည့် မိတ်ဘက်နိုင်ငံများဖြစ်ပါကြောင်း။

ထို့ကြောင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ကြရန် လိုကြောင်း၊ သံရုံး ဝန်ထမ်းများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပြေပြစ်ချောမွေ့အောင် အလေးထား ထိတွေ့  ဆက်ဆံဆောင်ရွက်သွားကြရန်နှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများကို ရှင်းလင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံးနှင့်စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုများနှင့် မြန်မာ သင်တန်းသားများအတွက် ထောက်ပံငွေများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်