From : MRTV4
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အိမ်သုံး Digital မီတာများကို တပ်ဆင် သွားဖို့ရှိပြီး ဒီလို တပ်ဆင်မှုကို အခမဲ့ တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ Digital မီတာများကို လက်ရှိ အသုံးပြုလျက်ရှိတဲ့ အိမ်သုံးမီတာများ နေရာမှာ ပြောင်းလဲ တပ်ဆင်မှာ ဖြစ်ပါတယ်။ ဒီလို ဒစ်ဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင်တဲ့ အတွက် မီတာ ဖတ်ရာမှာ ပိုမို လွယ်ကူ စေနိုင်မယ့် အပြင် ယခင်ကထက် ပိုမိုလျင်မြန်စွာ အလုပ် ပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်လို့ သိရပါတယ်။ အခုလို ဒစ်ဂျစ်တယ် အိမ်သုံး မီတာများ ပြောင်းလဲ တပ်ဆင် ပေးမှု ကိုတော့ နိုဝင်ဘာ လကုန်ပိုင်းမှာ ပြောင်းလဲ တပ်ဆင်ပေး သွားဖို့ ရှိတာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အခုလို ဒီဂျစ်တယ် မီတာများ တပ်ဆင် ပေးမှုကို အလုံမြို့နယ်နဲ့ နီးစပ်ရာ မြို့နယ်များမှာ စတင်ကာ ဦးစားပေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်