Subscribe to our RSS Feed

ကချင်ပြည်နယ်အတွင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် KIA တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများတွေ့ဆုံ


နိုင်ငံတော်အစိုးရသစ်လက်ထက်တွင်ကချင်ပြည်နယ်အတွင်းရှိပြည်သူများငြိမ်းချမ်းသာယာစွာနေထိုင် နိုင်ရေး အတွက် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြယ်ရခြင်းအကြောင်းနဲ့ နယ်မြေခံလူထုရဲ့ ဆန္ဒအ မှန်ကိုသိရှိစေဖို့အတွက် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာနဲ့ အဖွဲ့ဝင် (၈)ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့အနေနဲ့ ဖားကန့်မြို့နယ်အတွင်း မနေ့ကသွားရောက်ခဲ့ပါတယ်။

    ဦးလမိုင်ဂွန်နဲ့အဖွဲ့ဟာ အစိုးရစစ်တပ်မှ ဗျူဟာမှူးတစ်ဦးနှင့်လည်းကောင်း၊ ဒေသခံ ပြည်သူများနှင့်လည်း ကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ခဲ့ပါတယ်။ အဲဒီ ဒေသမှာရှိနေတဲ့ ငှက်ပျောတောရပ်ကွက်က နှစ်ခြင်းခရစ်ယာန်ကျောင်းကို သွားရောက်ခဲ့ပြီး ခရစ်ယာန် ဂိုဏ်းပေါင်းစုံဘာသာရေးအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ အလားတူ ကက်သ လစ်ဘုရားရှစ်ခိုးကျောင်းကိုလည်းသွားရောက်ခဲ့ကြပြီး ခရစ်ယာန်ကျောင်းတွေမှာ မှီခိုနေထိုင်ကြတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။


    စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံအားလုံးက ကိုယ့်ရပ်ကိုယ်ရပ်မှာ အေးအေးချမ်းချမ်းနဲ့ပြန်လည် နေထိုင်လိုကြပြီး ကချင်ပြည်နယ်အတွင်း အစိုးရနဲ့kIA တပ်တွေ ငြိမ်းချမ်း ရေးတည်ဆောက်အောင်မြင်တာကိုပဲ တွေ့မြင်လိုကြတဲ့အကြောင်းထုတ်ဖော်ပြောဆိုကြပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအနေနဲ့လည်း ကချင်ပြည်နယ်ကြီးအေးချမ်းဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။


    ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေအနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှာ တာဝန်ထမ်း ဆောင်နေကြတဲ့ ကချင်စစ်မှုထမ်းတွေရဲ့ စိတ်ရင်းသဘောထားအမှန်ကို သိမြင်လိုတဲ့ အတွက် ဖားကန့် မြို့နယ်၊မှော်မောင်းကုန်းရွာမှာရှိနေတဲ့ ကချင်တပ်မတော်၊ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆) လှုပ်ရှားအဖွဲ့ဝင်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ကချင် တပ်ဖွဲ့ဝင်တွေအနေနဲ့လည်းခုလိုမျိုး တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြရတာကို ညည်းငွေ့ နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကိုအမြန်ဆုံး လုပ်ဆောင်စေချင်ကြောင်း၊ မိမိတို့ကြောင့် ကချင်လူမျိုးတွေ အခက်အခဲကြုံ နေရတာ မျိုးကိုမလိုလားပါကြောင်း သူတို့ရဲ့ရင်တွင်း ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ကချင်တပ်ဖွဲ့ ၀င်အများစုမှာ ကချင်ဒေသခံများ တွေ့ကြုံ ရင်ဆိုင်ခံစားနေရသောဒုက္ခများကြောင့် ငြိမ်းချမ်းရေးကို အမြန် ဆုံးလုပ်ဆောင်ပေးရန် ဦးလမိုင်ဂွန်ဂျာနဲ့အဖွဲ့ကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
 

Myanmar Express 

1 comments:

ကချင်ပြည်နယ်အတွင်း(KIA)လုံးဝမရှိလျင်သေချာပေါက် ငြိမ်းချမ်းသာယာမည်။ဘယ်သူ့ကြေင့်/ဘာဖြစ်လို့ဆိုတာအရှင်းကြီးပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်