Subscribe to our RSS Feed

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ

From : .. YMG

လတ်တလော ဖြစ်ပွားနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျနေခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ် တပ်ဆင်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။ လျှပ်စစ်ဓာတ်ကြိုးများအား ယခုအချိန်တွင် လိုအပ်သည့် မြို့နယ်များ၌ ဦးစွာ တပ်ဆင်သွားမည်ဖြစ်ကာ ဆက်လက်၍ ရန်ကုန်တစ်မြို့လုံးအား လဲလှယ်တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လဲလှယ် တပ်ဆင်မည့် လျှပ်စစ်ဓာတ်ကြိုးများမှာ နိုင်ငံတကာ၌ တွင်ကျယ်စွာ အသုံးပြုနေသည့် Insulated Wire များဖြစ်ကာ ယခင်ဓာတ်ကြိုးများထက် ပိုမိုစိတ်ချရကြောင်း မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုမှာ ယခင်လ၌ ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ဦးစွာဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ မြောက်ဥက္ကလာပမြို့နယ်(ဌ) ရပ်ကွက်အနီးရှိ ကန်စွန်းခင်း၌လည်း ဓာတ်ကြိုးပြတ်ကျကာ အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ခဲ့ပြီး ကျန်ရှိမြို့နယ်များနှင့် စုစုပေါင်း သေဆုံးသူ ခုနစ်ဦးထက်မနည်း ရှိခဲ့သည်။ ဓာတ်ကြိုးများ ဤသို့ ပြတ်ကျရခြင်းမှာ ဟောင်းနွမ်းနေကာ အပူဒဏ်အား မခံနိုင်တော့ခြင်းကြောင့် ဖြစ်ပြီး သေဆုံးခဲ့သူ၌ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအား နစ်နာကြေး မဟုတ်ဘဲ လူမှုရေးကိစ္စများ အားလုံးကို တာဝန်ယူ ပေးသွားမည်ဟု သိရသည်။ လျှပ်စစ်ဓာတ်ကြိုး လဲလှယ်တပ်ဆင်ခြင်းအား ယခုလဆန်းပိုင်း၌ စတင်တပ်ဆင်ခြင်း ဖြစ်ကာ ဇူလိုင်လ တတိယပတ်အား နောက်ဆုံးထား လဲလှယ်တပ်ဆင်မည် ဖြစ်ပြီး လိုအပ်ချက် ရှိနေသည့် မြို့နယ်များအား ဦးစားပေး တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဓာတ်ကြိုးတွေကို အခုမှ စပြင်တာတော့ မှားတာပေါ့။ မိုးရာသီတောင် တစ်ဝက်ကျိုးတော့မယ်။ တကယ်ဆို မိုးမကျခင် လောက်ကတည်းက ပြင်ရင်ကောင်းတာပေါ့” ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူတစ်ဦးက ပြောသည်။ ယခုအချိန်မှ ပြင်သည့်အတွက် နောက်လူတွေအတွက် စိတ်ချရပြီး သေဆုံးသွားသည့် သူတွေအတွက် ဝမ်းနည်းရကြောင်း လှည်းတန်းမှ ပြည်သူတစ်ဦးက ပြောသည်။ “ရန်ကုန်မြို့တွင်း လိုက်လံ တပ်ဆင်ပေးနေတဲ့ Insulated Wire တွေက ဗို့အား ၄၀၀ ခံနိုင်ရည် ရှိပါတယ်။ အခုလို ပြောင်းလဲတပ်ဆင် ပေးတာကိုလဲ နိုင်ငံတော်က အကုန်အကျခံပြီး တပ်ဆင်ပေးတာပါ။ ဒီဓာတ်ကြိုးတွေက အရင်ဓာတ်ကြိုးတွေနဲ့ ဗို့အားချင်းတော့ တူပါတယ်။ ဒါပေမဲ့ ဓာတ်ကြိုးအပြင်ပိုင်းကို ရော်ဘာတွေနဲ့ဖုံးအုပ်ထားလို့ ပြည်သူတွေအတွက် အန္တရာယ် ပိုနည်းပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။ ယင်းသို့ လဲလှယ်တပ်ဆင်ရာတွင် ဓာတ်ကြိုးနှင့် မလွတ်သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးလျက်ရှိပြီး မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်းကုန်းနှင့် မင်္ဂလာဒုံမြို့နယ်များအပြင် အခြား လိုအပ်သည့် မြို့နယ်များ၌လည်း လဲလှယ်တပ်ဆင် ပေးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။ 


. www.MyanmarExpress.net
 

2 comments:

့ပုံက လျှပ်စစ်မီးတိုင်ပုံမဟုတ်ဘူး၊ ဆက်သွယ်ရေးက တယ်လီဖုန်းတိုင်ဖြစ်နေတယ်။
ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေလဲ လုပ်ပေးကြပါ။ နောက်ပြီး မီးခိုးသွယ်ပေးတာ လျှပ်စစ်ဝန်ထမ်းလိုင်းမင်တွေနဲ့ မြို့နယ်
တာခံတွေ ကိုယ်တိုင်လုပ်နေကြတယ်။ တိတိကျကျ အရေး
ယူဖို့လိုနေပြီး၊ ဒီလုပ်ရပ်ကြောင့် မီးမှန်တဲ့အိမ်တွေက ၂၄ နာရီ
ရရှိပြီး၊ တစ်ပတ်ကို ၂ နာရီ မီးမလင်တဲ့ နေရာတွေလဲ အများကြီးပါ။ ဒီလုပ်ရပ် ကြောင့် ဝန်ထမ်းအနေအစားရှောင်ပေမဲ့၊ နိုင်ငံတော်ဝင်ငွေ
အများကြီးနစ်နာတယ်။ နိုင်ငံတော် ဝင်ငွေနည်းတော့
မီတာခတိုးတောင်းတယ်၊ မီတာခတိုးတောင်းတော့
ပြည်သူပဲခံရတယ်။ ပြည်သူတွေကိုသနားကြပါ။ ဒီလုပ်ရပ်တွေကြောင့် ပြည်သူအတွက် ဝန်ထုတ်
ဝန်ပိုးမဖြစ်ပါစေနဲ့။




EPC NEEDS TO DO MANY SAFETY ISSUES.
EPC NEEDS TO DO MANY THINGS BECAUSE
NEGLECTED LONG LONG AGO.
EPC NEEDS TO ORGANIZE THE RUNNING
OPERATIONS OF THE DEPARTMENT.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်