From :
.. THE VOICE
ရန်ကုန်လေဆိပ်မှာ ထိုင်းနိုင်ငံသား လူငယ်တစ်ယောက် ဆီကနေ ခြောက်လုံးပြူးသေနတ် ကျည်ဆံတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသား Mr. SIWAPONG HEMARATCHATA ဟာ ထိုင်းနိုင်ငံကို Bangkok Airways လေယာဉ်နဲ့ ထွက်ခွာဖို့ ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက စောင့်ဆိုင်းနေတုန်း သူ့ရဲ့ကျောပိုးအိတ်ကို X-Ray စက်နဲ့ စစ်ဆေးတဲ့အခါ အဲဒီအိတ်မှာ ပွိုင့် ၃၈ ခြောက်လုံးပြူး သေနတ်ကျည်ဆံ နှစ်တောင့်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ လေဆိပ်ရဲတပ်ဖွဲ့ ဆီကနေ သိရပါတယ်။
စစ်ဆေးခဲ့တဲ့ ရဲအရာရှိက “ထိုင်းမှာကတည်းက ကျောပိုးအိတ်ထဲမှာ ရှိနေတာကို သတိမထားမိဘဲ ရန်ကုန်လေဆိပ်မှာမှ ဒီထဲမှာ ရှိမှန်း သိတာလို့ သူ(ထိုင်းနိုင်ငံသား) က ပြောတယ်” လို့ ဆိုပါတယ်။
ကျည်ဆံတွေ့ရှိမှုကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှာ (ပ) ၂၉၅/လက်နက်ပုဒ်မ ၁၉ (စ) နဲ့ အမှုဖွင့်ထားပြီး အာမခံနဲ့ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်