လွှတ်တော် အသီးသီးတွင်လွှတ်တော် ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်(၄၈) နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၁-၄-၂၀၁၂ ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မူလမဲစာရင်းကို အခြေခံပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ပြုစုလျက်ရှိကြပါသည်။ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာမဲ ဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံပါက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်ခွင့်ရှိပါသဖြင့် မဲစာရင်းပြုစုရာတွင် မိမိအမည်မဲစာရင်း၌ ပါရှိစေရေးအတွက် ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်