Subscribe to our RSS Feed

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ဥရောပသမဂ္ဂက စည်းဝေးကျင်းပမည်


မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက လာမယ့်ဧပြီလမှာ အစည်းအဝေး ကျင်းပသွားမယ်လို့ ဗြိတိန်ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ်က “ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတာနဲ့အမျှ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ရပ်ဆီ ဦးတည်ဖို့နဲ့ ဥရောပသမဂ္ဂကလဲ တုံ့ပြန်သွားဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။ အဆိုပါ ဧပြီလ အစည်းအဝေးမှာ မြန်မာနိုင်ငံ အပေါ်စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ဖြေလျှော့ပေးမယ်၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမှု ရှိ မရှိဆိုတဲ့ အချက်တွေကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဝီလျံဟိတ်ဂ်က “လုပ်ဆောင်ချက်၊ ဖြစ်ရပ်တွေကတစ်ဆင့် ခရီးရောက်မှုကို အကဲဖြတ်သွားမှာဖြစ်ပြီး ဆောင်ရွက်မှုတွေအပေါ် ရိုးရိုးသားသား တုံ့ပြန်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသားလွှတ်ပေးဖို့နဲ့ ဧပြီလ အစည်းအဝေးကျင်းပမယ့်အကြောင်းကို မြန်မာအစိုးရအနေနဲ့ ခေါင်းထဲထည့်ဖို့ လိုအပ်ကြောင်း ဝီလျံဟိတ်ဂ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်