ယခုလ ပထမပတ်မှ စတင်၍ ထွက်ရှိနေသော ကောလာဟာလများအရ ကျပ် ၅၀၀၀ တန် Sim Card များ စတင်ရောင်းချမည်ဆိုခြင်းမှာ နည်းပညာရော၊ နည်းဥပဒေအရပါ မဖြစ်နိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေသော ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၏ ရလဒ်အဖြေအရ ၅၀၀၀ တန် Sim Card ရောင်းချမှု ဖြစ်လာမည်မဟုတ် ကြောင်း သိရသည်။
“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိ တဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်း တို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ် ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက သတင်းထောက်တစ်ဦး ၏ မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းမှာ နည်းဥပဒေအရ မဖြစ်နိုင်ကြောင်း ကိုထောက်ပြခဲ့သည့်အချက်ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင်လည်း မြန်မာ့ဆက် သွယ်ရေး အနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာသော ကိစ္စဖြစ်သောကြောင့် တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက်ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မည် မဟုတ်ကြောင်း စသည်ဖြင့် နည်းပညာအရ မဖြစ်နိုင်သေးသည့် အခြေအနေများကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်နှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးခဲ့သည်။
သုံးသပ်သူတစ်ဦးကတော့ "တကယ်မလုပ်နိုင်သေးပဲ သမ္မတကြီးကို ဘေးကျပ်နံကျပ်ဖြစ်အောင် ခေါင်းတည်ပြီး ထုတ်လိုက်တဲ့ သတင်းသက်သက်သာ ဖြစ်ပါလိမ့်မယ်... ဟို ဒါရိုက်တာ ဝိုင်း လုပ်တာနဲ့ နည်းနည်း ဆင်သလားလို့..
ဇတ်ကားကို ပိတ်သတ် အရင်ချပြလိုက်တာ အနည်းဆုံးတော့ မပေးမဖြစ် "ပိတ်သတ် အကြိုက်ဆုံး ဆု" တော့ ရလိုက်တယ်မလား :)... အခုလည်း နာမည်ထွက်အောင်အရင်လုပ်ထားပြီး... ပြီးမှ စက်အစုတ်တွေနဲ့ အောက် အော့ဖ် ဆားဗစ် ဖြစ်နေရင်တော့... မကောင်းဘူး..." လို့ ဆိုပါတယ်။

2 comments:
ကဲ..ရွှေပြည်တံခွန်ကကိုလွင်နိုင်ဦးရေ..အလုပ်မပါသေးသောစကားရည်
လုပွဲကတော့စပြီဗျို့။မိုဘိုင်းအင်/ယာချုပ်ကော၊နည်းပညာအင်/ယာချုပ်
တို့ကတော့ပြောနေကြပြီ။လူကြီးမင်းဘက်ကဂဃဏနနဲ့သာပြန်လည်ချေပ
ရှင်းလင်းပြောဆိုဖို့သာလိုတော့တယ်။မဖြစ်နိုင်တာကိုဖြစ်သယောင်ပြော
ခဲ့တာမျိုးဆိုယင်..ခင်ဗျားသည်ပွဲမှာဟက်တက်ကွဲပြီ။တကယ်လုပ်ပြနိုင်ခဲ့
လို့ကတော့ကော့မဲန့်တစ်ခုမှာကျနော်ပြောခဲ့သလို..မြန်မာပြည်ရဲ့ဒုတိယသက်ဆင်ရှင်နာဝပ်ထရာ...ဘွဲ့ခင်ဗျားရမှာအသေချာပါဘဲ။အပြော
မဟုတ်အလုပ်နဲ့သက်သေထူပြနိုင်စမ်းပါစေဗျာ။ကြိုဆိုနေပါ့မယ်။
ကို လွင်နိုင်ဦးရေ အားပေးပါတယ် ကြိုးစားပါ မြန်မာနိုင်ငံမှာ ဂြိုဟ်တုမ၇ှိပေမဲ့ ပညာ၇ှင်တွေအများကြီး၇ှိတယ် နည်းပညာတွေကို ဥပဒေက ထိန်းချုပ်ထားတယ်ဆိုတာကို သက်သေပြပေးပါ။ တကယ်သာ ဒီကိတ်စကို ဖြစ်အောင်လုပ်နိုင်၇င် ကျွန်တော်တို့ Information Technology တိုးတက်လာတယ်၊ ဥပဒေက လဲ လွတ်လပ်ပြီး မျှတလာတယ်ဆိုတာကို ပြည်သူတွေသိအောင် ထုတ်သာပြနိုင်ဖို့ အားပေးပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်