KIA သောင်းကျန်းသူအဖွဲ့ဟာ အကျအဆုံးအလွန်များပြားနေပြီး စခန်းကုန်းအများအပြားကိုလည်း စွန့်လွှတ်ခဲ့ရပြီး ဖြစ်ကာ လူအင်အားလက်နက် အင်အားလည်း အလွန်ချိနဲ့နေချိန်ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှလည်း KIA ကို ခုခံရုံသာ ခုခံပြီး ထိုးစစ်မဆင်ဖို့ နဲ့ KNU နဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ မလုပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ KIA ဟာ ရထားလမ်း၊ တံတား၊ တာဝါတိုင်နဲ့ ရုံးပေါင်း ၊ အိမ်ပေါင်းများစွာကို ဗုံးထောင်ဖေါက်ခွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူအများအများကို လည်း သိတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ အစိုးရဖက်မှ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အရှိန်အဟုန်မြင့်တင်ကာ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ အကြိမ်ကြိမ်စေလွှတ်ပြီး ဆွေးနွေးခဲ့ပေမယ့် ခေါင်းမာလျှက် ရှိနေပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ၀၊ မိုင်းလား စတဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ သဘောတူညီချက် ရရှိခဲ့သလို SSA တောင်ပိုင်း၊ တိုးတက်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) ၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးစည်းရုံးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။