စစ်တက္ကသိုလ် သင်တန်းသား ၅၀၀ ကျော်ခန့်က မနေ့က လမ်းလျှောက် ချီတက် ခဲ့ကြပါတယ်။ သင်တန်းသားများက စစ်တက္ကသိုလ်မှာ ကားတွေအများကြီးရှိနေပေမယ့် ကျောင်းသွား ကျောင်းပြန်ကို အုပ်စုဖွဲ့ကာ လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ပြင်ဦးလွင် မြို့ထဲကို အုပ်စုဖွဲကာ ချီတက် လမ်းလျှောက်ရုံတင်မကပဲ ပြေးလွှားကာ ဆောင်ပုဒ်များကိုပါ အော်ဟစ်သွားကြကြောင်းကို ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးက MEG ကို အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့ အိမ်ရှေ့ကဘဲ သူတို့ သူတို့ အော်ဟစ် ပြေးသွားကြတယ်... သင်တန်းသား တော်တော်များတယ်... ရဲစခန်းရှေ့ကနေ ဖြတ်သွားတယ်" လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုပါတယ်။
သင်းတန်းသားတွေက သောကြာနေ့တိုင်း
"ဘေးပြောတာကိုမယုံနဲ့ သွေးပြောတာကိုယုံ"
”ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲစည်းလုံးမည်”
”ဒို့ပြည်သူအတွက် လေ့ကျင့်ပေး”
စတဲ့ ဆောင်ပုဒ်များကို အော်ဟစ်ပြီး မြို့တွင်းကို ချီတက်ခဲ့ကြပေမယ့် ချွေးထွက်ပြီး ပင်ပန်းနေတဲ့ သင်တန်းသားတွေရဲ့ အခက်အခဲကို အစိုးရမှ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိလျှင် သောကြာနေ့တိုင်း ဆက်လက် ချီတက် ပြေးလွှားသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
သင်တန်းသားများ ချီတက်စဉ်မှာ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ နှောင့်ယှက်ခြင်းများ မရှိသော်လည်း လမ်းသွားလမ်းလာ ကောင်းမွန်ရေးအတွက် ထိန်းသိန်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ အခုလို သင်တန်းသားတွေ မြို့တွင်းသို့ ပြေးလွှားချီတက်ခြင်းဟာ အပတ်စဉ်လိုလိုဖြစ်နေပြီး စစ်တက္ကသိုလ်အတွင်းမှာလည်း နေ့စဉ်လိုလို အုပ်စုဖွဲ့ လမ်းလျှောက်ချီတက် မှုတွေ ဖြစ်နေတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။
အခုဆိုရင် စစ်တွေတက္ကသိုလ်က ကျောင်းသားတွေလည်း စစ်တက္ကသိုလ်နဲ့ နာမည်ချင်းနဲနဲဆင်တာကြောင့် အုပ်စုဖွဲကာ လမ်းလျှောက် ချီတက်မှုတွေ လုပ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်တွေတက္ကသိုလ်ကျောင်းသားတွေကတော့ အုပ်စုဖွဲ့ပြီး ပြေးလွှားတာမျိုး မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
စစ်တက္ကသိုလ်ကို အားကျနေကြတဲ့ စစ်တွေတက္ကသိုလ်ကျောင်းသားများ
24 comments:
MEG ရေ...ပို့စ်ကိုဖျက်ပေးပါဦးဗျာ...ရယ်ရလွန်းလို့
အူတက်တော့မယ်........စစ်တက္ကသိုလ်ကလူတွေ
PT ပြေးရင် နောက်ကျရင် ကားစီစဉ်ပေးမယ်နဲ့တူတယ်
နော်...PT ကို ကားနဲ့ပြေးကြမယ်လေ..မကောင်းဘူးလား
ဗိုလ်လောင်းလေးတွေ သနားပါတယ်..စစ်တွေတက္ကသိုလ်ကျောင်းသားတွေ ကို စာနာပါတယ်..ဟီး ဟီး
ဗိုလ်လောင်းလေးတွေ သနားပါတယ်.. စစ်တွေတက္ကသိုလ်ကျောင်းသားတွေကို စာနာပါတယ်...ဟီး ဟီး
အပေါ်ကနောင်ကြီးတို့ရေ... ME က အဲဒီလို ရေးတာ မဟုတ်ဘူးနဲ့တူတယ်ဗျ...။ ကျွန်တော်က အစကလဲ အဲဒီလို ME မှားနေတယ် ထင်တာ... ဒါပေမယ့် အောက်ဆုံးက စစ်တွေတက္ကသိုလ်နဲ့ တက္ကသိုလ်ကျောင်းသားတွေပုံ ပါလာမှ ဆိုလိုရင်းကို နားလည်မိတယ်။ နိုင်ငံခြားက အဆီအငေါ်မတည့်တဲ့ ပြည်ပမီဒီယာတွေလိုပေါ့ဗျာ... "ဘုမသိဘမသိနဲ့ သာမန် ဘာမှမထူးခြားတဲ့ဟာတွေကို ထူးခြားအောင်လျှောက်ပြီး ရမ်းသမ်းရေးနေ၊ ပြောနေကြတာ"ကို ME က သရော်ချင်တယ်နဲ့တူပါတယ်... ဒါကြောင့် အပေါ်က PT ပြေးတာကို ရွဲ့ပြီး ဇာတ်ကြောင်းခံတယ်... ပြီးကျမှ ရုတ်ရုတ်,ရုတ်ရုတ်လုပ်ချင်ပေမယ့် လောက်လောက်လားလား အဆင့်မရှိသေးတဲ့ စစ်တွေက တက္ကသိုလ်ကျောင်းသားများဆိုတဲ့သူတွေကို ယှဉ်ပြီး တချက်ခုတ်နှစ်ချက်ပြတ် ပညာပေးလိုက်တယ်လို့ထင်တယ်ဗျာ... ဟားဟားဟား..။
သောကြာနေ့ ဆို အုပ်စုလိုက် ပြေးပြီး ချီတက်ကြပါတယ် .. ပါးစပ်ကလဲ ဆောင်ပုဒ်တွေ အော်ကြပါတယ်.. တနင်္ဂနွေနေ့လဲ ချီတက်ကြပါတယ်.. အခုလို အုပ်စုလိုက်ချီတက်တဲ့ သင်တန်းသားဗိုလ်လောင်းတွေကို ပြင်ဦးလွင် နယ်ခံလူများက နေ့လည်စာနဲ့ တည်ခင်းဧည့်ခံပါတယ်.. ဦးတင်ဦးတို့ ဒေါ်လှရှင်တို့ဆိုရင် ပြင်ဦးလွင်မှာနာမည်ကြီးပါ..
အဟဟဟ..လှောင်ပြောင်ချက်ကထိမိတယ်ဟေ့
အေးကွာ pt ကို ကားနဲ့ပြေးခိုင်းရမှာ ငါတို့ တုန်းကတည်းက xD
စစ်တွေတက္ကသိုလ်ကကျောင်းသားတွေလဲ အုပ်စုဖွဲ့ပြေးကြ
ကွာ.....သောကြာနေ့တိုင်းပြေး။ အဲဒါမှလိုချင်တာရမှာ....
မိန်းမ....မိန်းမ...... ဟားဟား.....
ကလောင်ရှင်က ဘာကို ဆိုလိုချင်တယ်ဆိုတာ သေချာဖတ်ပါလေ။အပြစ်တင်မစောပါနဲ့ဗျာ။
MEG ကတော့ကွာတစ်ကယ့်ကိုတော်ပါတယ်...ကြိုက်တယ်ကွာ.......ဒါမျိုးမှပေါ့
လမ်းလျှောက်ဆန္ဒပြမနေနဲ့ ပြေးပြီးပြကြ။ အစာတွေ ဘာတွေ အငတ်ခံဦးမလား သူတို့မစားတော့ အိမ်ကလူးတွေ ပိုစား၇တာပေါ့ ကောင်းတယ်။
စိတ်မရှိကြပါနဲ့ဗျာ
MEG က စစ်တက္ကသိုလ်ဆင်းမဟုတ်လို့ မသိတာနေမှာပေါ့
အရိပ်ပြရင်အကောင်မြင်ကြပါလေ
အစကတော့ အဲဒီလို ထင်မိတာအမှန်ပါ
ဟာသပဲကွာ အ၇မ်းကြိုက်သွားပြီ...အဟက်ဟက်
ဂွတ်တယ်ဗျို့။ကြိုက်တယ်။ဗျို့။ပြည်ပမီဒီယာတွေကိုကောင်းကောင်းဆော်ထားတာ။ဘယ်နှယ့်ဗျာ။မီးဒီယာသာလုပ်စားတယ်။ဒေါ်လာရလို့လေ။ဘာမှသိတဲ့ကောင်တွေမဟုတ်ဘူး။ဝန်ထမ်းတွေကျတော့အကျင့်ပျက်ဝန်ထမ်းတဲ့။သူတို့ကျတော့သောက်ကျင့်တစက်မှမကောင်းတဲ့မီဒီယာအတုတွေ။ ---
စစ်တွေ တက္ကသိုလ်ကျောင်းသားများရဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုကိုလဲချီးကျူးလေးစားပါတယ်။ဂုဏ်လဲယူပါတယ်။စည်းကမ်းရှိစွာနဲ့ဒီမိုကနေရစီကိုအသုံးချတတ်လို့ပါ။ စစ်တွေ တက္ကသိုလ်ကျောင်းသားအားလုံးကိုလေးစားစွာဖြင့်။ တခြားတက္ကသိုလ်များလဲစည်းကမ်းရှိနိုင်ကျပါစေ
အော်ဒါကြောင့်မို့ ပညာမဲ့အတိုက်အခံများလို့ သမုတ်ခြင်းခံနေ၇တာကိုးးးးးးးးးးးးးးးးးးးးး
:DDDDDD
သရော်ထားတဲ့ Idea လေးမိုက်တယ်...:D
ကျောင်းတော်ကြီးကို သတိရမိသေးတယ်..
ကောင်းပါတယ်ဗျာ
အလွန် ရီရတယ့် ဟာသသတင်းလေးပါ
နောက်လဲ ဒါမျိုးလေး တွေ များများရေး ပေးပါဗျို့
ရီရလွန်းလို့ အူတတ်သေတော့မယ်
တော်တော်ရီရတယ်ဗျို့
နောက်လဲ ဒါမျိုးလေးများများရေးပါ
ရီရလွန်းလို့ မျက် ရည် နေတာင် ကျတယ်
အလကားပါကွာ----
စစ်တက္ကသိုလ် ကျောင်းသား တွေရဲ့စိတ်ဓါတ်ကို တော့လေးစား တယ်ဗျာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်