Subscribe to our RSS Feed

ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။

တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။



အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။

ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ” အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။

ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ

လို့ ပြောပါတယ်။

လင်းအက္ခရာ

.

23 comments:

ကိုယ်ပိုင်အတွေးခေါ်နဲ့ သတ္တိရှိတဲ့ သားစိုးလိုလူငယ်တွေ
မြန်မာပြည်မှာ လိုအပ်တယ်
သာကူးတွေကတော့ သောက်ရှက်ကိုမရှိဘူး
သားစိုးမေးတာမှန်တယ် Mrs. Aris တိုင်းပြည်တွက်
ဘာများလုပ်ပေးခဲ့လို့လဲ

စာအုပ်ထဲက သီအိုရီတွေကို ဟိုပြောဒီပြောပြောနေတာပဲရှိတယ်
ဒီလောက်တော့ နိုင်ငံခြားဘွဲ့တစ်လုံးရတောင် ပြောတတ်တယ်
ဟိုတလောကလဲ ပြောသွားတဲ့ပြင်သစ်စကား သဒ္ဒါတောင်မမှန်ဘူး
ဒါကို ဖင်လျက်မတတ် အထင်ကြီးနေတာတွေ မြင်နေရတယ်

သားစိုးေ၇ မင်းလိုလူလည်းရှိအုံးမှ ဖိုက်တင်းဘော အနုပညာရှင်ထဲမှာမင်းမပါဘူး

သိပ်မှန်တယ် ကိုသားစိုး

အေးဗျ သူပြောတာလည်း မှန်သားပဲ...
ဘယ်သူဘယ်ဝါမို့လို့ထောက်ခံတယ်ဆိုတာထက် ဘယ်သူကပြည်သူကိုဘယ်လောက် လုပ်ပေးနိုင်တုန်းဆိုတာပဲ ကြည့်ပြီး ထောက်ခံရမှာပေါ့.....
အရင်တုန်းကတော့ ပေါ်လစီကားတွေမှာ နန့်နန့်တက်ပါနေပြီး မပါရရင်ကိုစိတ်ပဲဆိုးတော့မလို ဖြစ်နေကြတဲ့သူတွေက မရိုက်ရင်မရလို့ရိုက်ခဲ့ရတာပါဆိုပြီး မျက်ရည်ခံထိုးငိုပြပြီးတော့ ခုတော့လည်း အရောင်သွေးတွေပြောင်းပြီး ပုတ်သင်ညိုကြီးတွေဖြစ်ခဲ့ကြပြန်ပြီပေါ့ အနုပညာပုတ်သင်ညိုကြီးတွေပေါ့လေ...
လူထုကိုစားဝတ်နေရေး အဆင်ပြေအောင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမောအောင် ပညာရေးကျန်းမာရေးစီးပွားရေး တိုးတက်မြင့်မားလာအောင် လုပ်ပေးနိုင်သူမှန်သမျှ ကျွန်တော်တို့ကတော့ လူထုခေါင်းဆောင်လို့သတ်မှတ်တယ် မဟုတ်ရင်ကတော့.......

Right !!! ဒါပဲလေ... ဒင်းတို့ ပြောပြောနေကြတဲ့ "ဒီမှိုကလေဆီ" ဆိုတာကြီးကိုက "ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်၊ ကိုယ့်ဆန္ဒကို ကိုယ် လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်၊ ကိုင်စွဲနိုင်ခွင့်၊ လွတ်လပ်စွာ နေထိုင်နိုင်မှု"ဆိုပြီး ဒင်းတို့ပဲ Definition ထုတ်ထားတာလေ။ အခုလို ပြောလိုက်မှ ငါတို့ အမေညုကို မထောက်ခံရကောင်းလားဆိုပြီး စောက်ပါးစပ်တွေက ထွက်လာကြတယ်... အဲဒီလိုစောက်ပါးစပ်တွေကိုတော့ F****** ပဲ။ စောက်သုံးမကျတဲ့ မင်းတို့မေမေညုကို ငါတို့ကတော့ နိုးပဲ... လက်တွေ့အရည်အချင်း ဘာတစ်ခုမှ မတွေ့ရသေးတဲ့ ဆုတံဆိပ်တွေနဲ့ ပိနေတဲ့ မိန်းမကြီးလက်ထဲတော့ ငါတို့ရဲ့အသည်းကြားက မဲတပြားက ဘယ်တော့မှ ရောက်မှာမဟုတ်ဘူးမှတ်... အထင်လဲ မကြီးဘူး၊ လေးလဲ မလေးစားဘူး..။ ငါ့ပထွေးကို မထောက်ခံလို့ ငါ့ရန်သူဆိုပြီး ပြောနေကြတဲ့ကောင်တွေကိုလဲ F****** ပဲ... သားစိုးကိုတော့ လေးစားတယ်... ဒီလောက် မီဒီယာတွေ ကျီးတွေ အာသလို ဝိုင်းအာလာကြမှာကို မကြောက်မရွံ့ပဲ ရဲရဲဝံ့ဝံ့ ခုလိုပြောတာ လုံးဝ လေးစားတယ်...၊ လုံးဝ ကြိုက်တယ်... သားစိုး is Right !!!! ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီး ဝိုင်းပြောလာကြတဲ့ကောင်တွေတော့ အားလုံးကို F****** ပဲ..။ F****** !!!!!

ဘယ်သူ့ကိုရယ်လို့မှမပြောလိုပါဘူး..ဒါကမြန်မာပြည်ကလူတွေတော်တော်များများရဲ့စိတ်ဓါတ်ပါ..သာကူးတာကတော့မဆန်းသလောက်ပေါ့..အ၇င်ကတော့တပ်မတော်နဲ့နိုင်ငံတော်အပေါဖါးယားပီးအပြိုင်အဆိုင်ရိုက်လိုက်ကြတဲ့မင်းသားမင်းသမီးတွေ..စောက်ရှက်မှမရှိကြတာ..ဖါဆန်ကြတာကိုဗျ.သူတို့ကဒါနဲ့ဘဲလုပ်စားနေကြတာဆိုတော့သာမဲ့သူကိုဘဲကူးပြောင်းသွားကြတာလုံးဝမဆန်းပါဘူး..ဒါတွေကိုကိုယ်တိုင်ကလည်းသံဝေဂ၇ဖို့တော့လို့ပါမယ်..

ဘယ်သူ့ကိုရယ်လို့မှမပြောလိုပါဘူး..ဒါကမြန်မာပြည်ကလူတွေတော်တော်များများရဲ့စိတ်ဓါတ်ပါ..သာကူးတာကတော့မဆန်းသလောက်ပေါ့..အ၇င်ကတော့တပ်မတော်နဲ့နိုင်ငံတော်အပေါဖါးယားပီးအပြိုင်အဆိုင်ရိုက်လိုက်ကြတဲ့မင်းသားမင်းသမီးတွေ..စောက်ရှက်မှမရှိကြတာ..ဖါဆန်ကြတာကိုဗျ.သူတို့ကဒါနဲ့ဘဲလုပ်စားနေကြတာဆိုတော့သာမဲ့သူကိုဘဲကူးပြောင်းသွားကြတာလုံးဝမဆန်းပါဘူး..ဒါတွေကိုကိုယ်တိုင်ကလည်းသံဝေဂ၇ဖို့တော့လို့ပါမယ်..

သိပ်မှန်လိုက်တာ သားစိုးရယ်

သိပ်မှန်လိုက်တာ သားစိုးရယ်

သိပ်မှန်လိုက်တာ သားစိုးရယ်

ဂွတ်တလေ,,,ဂွတ်တလေ,,,သားစိုး ဂွတ်,,,ဂွတ်,,,ဂွတ်,,,
သာကူ,,တွေ ဟား၂၂၂၂,,,,မသာကူ,,,,,

ဂွတ်တလေ,,,ဂွတ်တလေ,,,,သားစိုးရယ်,,,ဂွတ်၂၂၂၂,,,
သာကူလား,,,,,ဟား၂၂၂....မသာကူတွေကိုးဗျာ,,,,

သံသာဝင်းနဲ့ ကဗျာဘွဲ့မှူး တို့က ဒေါ်စုနားကပ်ကြတာ၊ အမလေး နေပြည်တော်သွားရဘို့ မြန်မာ့အသံကို ကပ်ခဲ့ကြတာလဲ လွန်ရော. သူတို့က နာမည်လဲ မရှိတော့ပါဘူး.
သာကူး
သာကူး
မရှက်တတ်တဲ့ သောက်မျက်နှာတွေ ရွံစရာ ..အော့.. အန်တော့မယ်

သားစိုးပြောတာ မှန်သားပဲ .. ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲသွားရင် တိုင်းပြည်မလွယ်ပါဘူး.. ပုဂ္ဂိုလ်စွဲမထားတားအကောင်းဆုံးပါပဲ

အမေစု သူ့အဖေတွန်းလှန်ခဲ့တဲ့ အင်္ဂလိပ်ကို ပြန်ယူခဲ့တာနဲ့ပတ်သက်ပီးတော့ အတော်လေး လူတွေကြားမှာ (အထူသဖြင့်ကွန်ဆာဗေးတစ်တွေကြားမှာ) ဘ၀င်မကျခဲ့တာတွေ တွေ့နေရတယ်.. ကျုပ်အနေတော့ ဘယ်ဘက်ကမှန်ပြီး ဘယ်ဘက်ကမှားလဲ ကျူပ် တကယ်မသိပါဘူး.. ဘာလို့ဆို ကျုပ်က ဗုဒ္ဓဘာသာဖြစ်နေတော့ လူမျိုးရေးမခွဲခြားသင့်ဘူး ထင်တယ်..ဒါပေမဲ့..တဖက်ကစဉ်းစားကြည့်တော့ ဥပမာ.. လူတယောက် ခိုးခွင့်ရတယ် ခိုးဖို့လိုနေတဲ့အချိန်မှာ မခိုးပဲစောင့်ထိန်းနိုင်မှ သီလ ခေါ်သလို.. ယောကျာ်းယူခွင့်ရှိနေပြီး ယောကျာ်းလိုချင်နေတယ်.. ဒါမဲ့ ကိုယ့်အမျိုးမဟုတ်လို့မယူပဲစောင့်ထိန်းနိုင်မှ.. စောင့်လေမျိုးနွယ်.. လို့ထင်တာပဲ ကဲ.. မိတ်ဆွေတို့ ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲဗျာ

မှန်လိုက်လေကိုသားစိုး၊ မြန်မာနိုင်ငံမှာ သာကူးတွေ တစ်ရက်ထက်တစ်ရက် လျော့နည်းလာပါစောလို့ ဆုတောင်းနေရတော့ မှာပေါ့ သာကူးများ အမြင်မှန် အမြန်ရကြပါစေ

ကော့မန့်ရေးရင် ၀ါကျတွေဆက်မရေးပါနဲ့
နောက်တစ်ကြောင်းကို ချရေးပါ။

Right! မင်းမှန်တယ်သားစိုး

မှန်လိုက်လေ ကွာ အဲလို သာမကူးတတ်တဲ့ စိတ်ဓါတ်မျိုးရှိသူတွေကိုတော့တကယ်လေးစားမိပါရဲ့ ကျွန်တော်လည်းအဲလိုလိုမျိုးတွေကိုမုန်းတယ်ဂျ...

ကိုယ်ပိုင် အတွေးအခေါ်ရှိ ပြီး
စဉ်းစားဆုံးနိုင်သူတွေများများလိုနေပါတယ်
မကြောက်မရွံ မှန်တာပြောရဲတဲ့သူကို
လေးစားပါတယ်..

အားလုံးကတော့ ကိုယ်ထမင်းကိုယ်စား
နေတဲ့ လူတွေကြီးပါပဲဗျာဘယ်သူတွေအုပ်ချုပ်အုပ်ချုပ်
ကိုယ်လုပ်မှကိုယ်စားရမှာလေ သားစိုးပြောတာကို
လက်ခံတယ်

အရမ်းကိုလက်တွေ့ကျတဲ့ဖြေရှင်းချက်ပဲ....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်