ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ) ကို ကုမ္ပဏီအဖြစ် ပြောင်းလဲရန် အတွက် ရန်ကုန်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အသင်းအမည်ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မ.ထ.သ ကို ရန်ကုန်သယ်ယူပို့ဆောင်ရေး အသင်းအဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် တင်ပြထားကြောင်း၊ ကုမ္ပဏီ အဖြစ် ပြောင်းလဲသော်လည်း ဝန်ထမ်းများ၏ လစာများကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများကိုလည်း ရွေးချယ်၍ ပြောင်းလဲတင်မြှောက်ကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီဖြစ်သော်လည်း ရှယ်ယာရှင်များ ဖိတ်ခေါ်မည်မဟုတ်ကြောင်း၊ ခရီးသွားပြည်သူများ ကောင်းကျိုးကိုသာ လိုလားသည့် အသင်းဝင်များသာ လိုအပ်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် ယခင်ပုံစံအတိုင်း ယာဉ်လိုင်းများမှ ၂ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သော်လည်း အမြတ်မယူဘဲ ခရီးသည်များအတွက် မှတ်တိုင်များ၊ ခရီးသည်နားနေဆောင်များကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဖြေရှင်းပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင်း ခရီးသည်အများစုကမူ မ.ထ.သ၏ ဥပဒေများထုတ်ပြန်သော်လည်း အသက်မဝင်သည်မှာ မတ်တက်စီး လူပိုတင်နေသည့် အထူးကားများကို မြင်နိုင်ကြောင်း၊ မ.ထ.သမှ အချိန်ထိန်းဂိတ်များသည် လိုင်းကားများထံမှ သဒ္ဓါကြေးပိုက်ဆံတောင်း၍ လက်မှတ်ထိုးသည်မှလွဲလျှင် မည်သည့်လုပ်ဆောင်မှုမျှ ပီပီပြင်ပြင်မတွေ့ကြောင်း ပြောဆိုကြသည်။ မ.ထ.သ၏ စီမံခန့်ခွဲမှု အောက်တွင် ၂၀၁၁ ခုနှစ်၊ ဧပြီလထိစာရင်းများအရ ယာဉ်လိုင်းပေါင်း ၁၃၉ လိုင်း၊ ယာဉ်စီးရေ ၁၁၁၈ စီး ပြေးဆွဲနေသည်ဟု မ.ထ.သ၏ တရားဝင်စာရင်းများအရ သိရှိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထာပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်