နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ နိုင်ငံတော်အစိုးရသို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကရင်ပြည်နယ် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ဇန်နဝါရီ ၁၂ ရက်တွင် ကရင်ပြည်နယ် ဘားအံ မြို့၌ ပဏာမသဘောတူညီချက် (၅) ချက်အား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။ ဤသို့ ပဏာမအဆင့် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်၍ နှစ်ဖက်နားလည်မှု တည်ဆောက်နေချိန်တွင် ဆက်စပ်လျက်ရှိသည့် မိမိတပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်း အသီးသီးတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား နိုင်ငံတော် သမ္မတရုံးမှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် ပေးပို့ထားပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
5 comments:
စောက်ကျိုးနည်း..ကချင်ရဲမေကြီးက တပ်မတော် အမ်အေ ၁ ကြီးကိုင်လို့ပါလား.အော်ကချင်လက်နက်စက်ရုံကြိးက မီးကျီူးမောင်းပျက်ပဲ
ထွက်တယ်ဆိုတာ အစက ယုံရခက်ခက်...ကိုယ်ပိုင်သေနတ်တွေလွင့်ပစ်ပြီး
ကျဆုံးစစ်သည်တွေသေနတ်ကောက်ကိုင်နေရတာပါလား
ဝမ်းနည်းစရာ၊ ရှက်စရာ
လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘ၀လည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ အစိုးရစစ်တပ်က သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ ဘယ်သူ့ဘက်က ဘယ်လောက် ကျသွားတယ်လို့ ကြေညာရတာ ၀မ်းသာဂုဏ်ယူစရာ မဟုတ်ပါဘူး။ ၀မ်းနည်းစရာ၊ ရှက်စရာပါ။
အပေါ်ကအကိုရေ..အဲ့စကားကိုKIAကို
သွားပြောပါဗျာနော်...ဒီမှာတော့လာမ
ပြောနဲ့။အဲ..ဒါနဲ့တခုပြောဦးမယ်....
ပြုတ်အောင်မတိုက်နိုင်တာမဟုတ်ဘူးခင်ဗျ
နောက်လူတွေလက်သွေးဖို့...သူရတွေ
သီဟတွေအောင်ဆန်းသူရိယတွေယူဘို့
ချန်ထားတာဗျ...အဟက်ဟက်....
ကမ္ဘာ့အဆင့်(၁၀)ရှိတဲ့တပ်အင်အား
ကြီးနဲ့ဗျာ...ဘယ်နှယ့်..မဖြုတ်နိုင်ရ
မတုန်းဗျ
ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲရဲ့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲလေ... ဒီပန်းတိုင်ကို တပ်မတော်သားတွေေ၇ာ ၊ KIA ရော ပြည်သူတွေရော အားလုံး လိုချင်တာပဲ...ပြည်တွင်းစစ်ဟာ ဘာကိုမှ အကျိုးမပြုပါဘူး.. ဘာဘွဲ့မှမရရင်နေပါစေ..၀မ်းနည်းစရာ သတင်းဆိုးတွေ မကြားရရင် ကောင်းတာပေါ့ဗျာ..
Bro ရေ ကျွန်တော်က တိုင်းပြည်စစ်ဖြစ်တာ လူမြင်မတင့်တယ်ဘူးဆိုတာ ပြောပြယုံပါ ပီးတော့ သူတစ်လူငါတစ်မင်းနဲ့ ကမ္ဘာအမြင်မှာအောက်ကျလှပါပီဗျာ။ တခြားနိုင်ငံက သူတွေ ကျွန်တော်တို့နိုင်ငံအပေါ် ဘယ်လိုမြင်နေတယ်ဆိုတာ လိုက်ဖတ်ကြည့်လိုက်ပါ။ ခုမှသစ်ပင်ပေါ်ကဆင်းခါစ ဒါဝင်ရဲ့မျောက်တွေလိုလို Barbarian တွေလိုလို ဖြစ်နေတာ ကြာခဲ့ပါပီကော ။ ဒါနဲ့ စကားမစပ်ပေါ့ဗျာ ကျွန်တော်က အချက်အလက်နဲ့ သမိုင်းပညာ ဘက်က ပါ။ Bro ပြောတဲ့ နံပါတ် ၁၀ ဆိုတာ ဘယ်ပေါ်မူတည်တွက်ချက်တာပါလဲ။ military expenditures, military expenditures per capita, level of military equipment, Military budget, number of troops ပေါ်လာ စသဖြင့်ပေါ့ဗျာ။ ဝမ်းလုံးခေါင်းထဲလသာတဲ့ခေတ်တွေကျော်လွန်စေချင်ပီ Bro။ တို့ခေတ်မှာဖြင့်မညံတော့ပါဘူး လို့မျော်လင့်မိတဲ့။
တောင်ပေါ်သား ( ကျွန်တော့် ကွန့်မန့်ကို ဖော်ပြပေးစေချင်ပါတယ်ဗျာ )
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်