Subscribe to our RSS Feed

ဘာလင်ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၀ ခန့်ပူးပေါင်း၍ ပြခန်းတစ်ခန်း ခင်းကျင်းပြသမည်

From :ခေတ်လူငယ်

ITB Berlin ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၀ ခန့်က ပြခန်းတစ်ခန်း သွားရောက်ပြသမည်ဖြစ်ကြောင်း ALL Asis Exclusive ခရီးသွားကုမ္ပဏီမှ သိရသည်။ ဂျာမနီနိုင်ငံတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော ဘာလင်ခရီးသွားပြပွဲကို မတ် ၇ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ မှ ပြည်သူတစ်သောင်းကျော် လာရောက်ကြမည့် ခရီးသွားပြပွဲဖြစ်ကြောင်း သိရသည်။ မြန်မာဈေးကွက် မြှင့်တင်ရေးကော်မတီ အပါအဝင် ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ ပူးပေါင်း၍ သွားရောက်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံပြခန်းအတွက် ကုန်ကျငွေကို ကုမ္ပဏီများက ခွဲဝေကျခံမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတစ်ခုလုံး၏ အကျယ်သည် စတုရန်းမီတာ ၁၆၀၀၀၀ ကျယ်ဝန်းပြီး မြန်မာပြခန်းအကျယ်မှာ ၁၁၆ စတုရန်းမီတာ ရှိကြောင်း သိရသည်။ ITB Berlin ခရီးသွားပြပွဲသည် ကမ္ဘာ့ခရီးသွားပြပွဲ (World Travel Mart) ကဲ့သို့ပင် အကြီးဆုံး ခရီးသွားဈေးကွက်ဖြစ်ပြီး ပြပွဲတွင် ခရီးသွားဈေးကွက်ဖြစ်ပြီး ပြပွဲတွင် ခရီးစဉ်ရောင်းချသူများက ၉၂ ရာခိုင်နှုန်း ကျေနပ်မှုရှိကြောင်း အဆိုပါ ခရီးသွားပြပွဲဆိုင်ရာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်