Subscribe to our RSS Feed

ထမင်းအိုးတည်ရာမှတစ်ဆင့် ကြည့်မြင်တိုင်မြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့

From : MRTV4

ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောရပ်ကွက်၊ သရက်တော၂လမ်း အထက်မှာ မတ်လ ၅ ရက်နေ့ မနက်  ၄နာရီကျော်ခန့် က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုဟာ ထမင်းအိုး တည်ရာကနေ လောင် ကျွမ်းဖြစ်ပွားခဲ့တဲ့ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်းမှုမှာ အိမ်အမှတ် ၁၀၄ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုကို နံနက် ၄နာရီမိနစ် ၄၀မှာ သတင်းရရှိ ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ၁၅မိနစ်ခန့်မှာတော့ မီးထိန်းနိုင် ခဲ့ပြီး နံနက်၅နာရီ ခန့်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီလို လောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူ မရှိခဲ့ပေမယ့်လည်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ် ၃၅သိန်းခန့် ရှိပါတယ်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေကတော့ ၄ခန်းတွဲ ပျဉ်ထောင်အိမ်တစ်လုံး၊ အုတ်ညှပ် တိုက်အိမ်တစ်လုံးနဲ့ တစ်ခြမ်းတို့ ပျက်စီးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် ၃၁စီး၊ အထောက်အကူပြုယာဉ် ၂စီးနဲ့ အုပ်ချုပ်မှု ယာဉ် ၅စီးတို့မှ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်