Subscribe to our RSS Feed

အမေရိကန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုများ ဖြစ်ပွား

From : Planet

အမေရိကန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုများ ဖြစ်ပွား

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း ဒေသတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် လူ(၆)ဦးနှင့် (၁၂)ဦးကြား သေဆုံးခဲ့ကြောင်း သိရှိရသည်။ အစောပိုင်းက အီလီနွိုက်စ်တွင် လူ(၆)ဦးနှင့် မစ္စူရီတွင် လူ(၃)ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တင်နက်ဆီရှိ ကမ်ဘာလန်းတွင် (၂)ဦး၊ ဒီကက်ဘ်တွင် (၁)ဦး အသေအပျောက်စာရင်း တိုးလာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ဒေသတွင်း လေဆင်နှာမောင်း မုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် တင်နက်ဆီတွင် လူသေဆုံးမှုများနှင့် တိုက်ရိုက် ဆက်စပ်ခြင်း ရှိမရှိကိုမူ သတင်းများက အတည်မပြုပေးနိုင်သေးချေ။

us tornado

အဆိုပါ ဒေသများအတွင်း အားကောင်းသော လေဆင်နှာမောင်း မုန်တိုင်းများ ဖြစ်တည်မှုကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ရသေးသည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းတွင်မူ အမျိုးသား ရာသီဥတု ဦးစီးဌာနက မုန်တိုင်း သတိပေးချက်ကို အဆင့်လျှော့ချလိုက်သည့်အတွက် သတင်းကောင်းတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ကြာသပတေးနေ့တွင် လေဆင်နှာမောင်းများ ဖြစ်ပေါ်နိုင်သည့် အလားအလာသည် (၅)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။ လေဆင်နှာမောင်းများ ဖြစ်ပေါ်နိုင်သည့် ဧရိယာသည် အရှေ့နှင့်အနောက် မိုင်(၇၅၀)၊ တောင်နှင့်မြောက် မိုင်(၆၇၀)ထိ ကျယ်ပြောကြောင်းလည်း သိရသည်။

us tornado

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပထမဆုံးသော လေမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး EF4 လေဆင်နှာမောင်း၏ တိုက်ခတ်နှုန်းသည် တစ်နာရီ မိုင်(၁၇၀)ထိရှိကာ အီလီနွိုက်စ်ရှိ ဟာရစ်ဘာ့ဂ်ကို ၀င်မွှေသွားခဲ့သည်။ ထို့အတူ မစ္စူရီတွင်လည်း ယင်းထက် အားပျော့သည့် လေဆင်နှာမောင်းများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းများကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သလို လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ မြောက်ပိုင်း အလာဘားမားတွင် လေတိုက်နှုန်းသည် တစ်နာရီ မိုင်(၁၀၀)အထက် ပြင်းထန်သော လေစီးကြောင်းများ တိုက်ခတ်ခဲ့သည်။ မာရီယွန်တွင် သစ်ပင်များပါ ပြိုလဲသွားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ဟားရစ်ဘာ့ဂ်မြို့၌ အဆိုးရွားဆုံး ထိခိုက်ခဲ့ကြောင်းလည်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်