Subscribe to our RSS Feed

ဘဏ် ၁၉ ဘဏ်တွင် အသုံးပြုနိုင်မည့် MPU ကတ် ဧပြီတွင် စတင်စမ်းသပ်သုံးစွဲမည်

From :ခေတ်လူငယ်

ဈေးဝယ်စင်တာများနှင့် ပြည်တွင်းဘဏ် ၁၉ ဘဏ်တွင် အသုံးပြုနိုင်မည့် မြန်မာပေးမန့်ယူနီယံကတ်ကို ဧပြီလဆန်းမှစတင်၍ စမ်းသပ်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စမ်းသပ်သုံးစွဲမှုများမှာ နှစ်လမှ ခြောက်လအတွင်း ကြာမြင့်မည်ဖြစ်ပြီး သက်ဆိုင်ရာ မြန်မာပေးမန့်ယူနီယံ ကော်မတီဝင်ဘဏ်များတွင် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုသွားမည့်အပြင် နိုင်ငံတကာသို့ပါ ယူဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ နိုင်ငံတကာ အဆင့်မီ မြန်မာပေးမန့်ယူနီယံကတ်စနစ်ကို အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းပြီး MPU National Network တစ်ခုကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ “စမ်းသပ်ကာလပြီးသွားလို့ အခက်အခဲတစ်စုံတစ်ရာ မရှိဘူးဆိုရင် အများပြည်သူတစ်ရပ်လုံး အသုံးပြုနိုင်မှာပါ” ဟု မြန်မာပေးမန့် ယူနီယံစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။ မြန်မာပေးမန့်ယူနီယံကော်မတီကို ပုဂ္ဂလိကဘဏ်(၁၆) ဘဏ်နှင့် အစိုးရဘဏ်(၃) ဘဏ်မှ ပူးပေါင်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှကြီးမှူး၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာပေးမန့် ယူနီယံကတ်ဆိုသည်မှာ အထက်ပါ ပုဂ္ဂလိက ဘဏ်(၁၉) ဘဏ်တွင် ငွေစာရင်းများဖွင့်ထားပြီး ယင်းစာရင်း ပေါ်မှမူတည်ပြီးထုတ်လုပ်သုံးစွဲသည့် Debit ကတ်အမျိုး အစားဖြစ်သည်။ ထို့ပြင် မြန်မာပေးမန့်ယူနီယံကတ်မှ တစ်ဆင့် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် တွင်ပါ အသုံးပြုနိုင်မည့် Point of Sale (POS) စနစ်ပါ အသုံးပြုနိုင်ရန် အတွက် စီစဉ်ထားကြောင်း သိရသည်။ “အဲဒီကတ်က ဘယ်ဘဏ်မှာ စာရင်းဖွင့်ဖွင့် အဲ့ဒီ MPU ကက်နဲ့ဆိုရင် နီးစပ်ရာဘဏ်တိုင်းမှာ ငွေထုတ်လို့ရမယ်။ ကဒ်အချင်းချင်း ငွေလွှဲနိုင်မယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။ ယင်းမြန်မာပေးမန့်ယူနီယံကတ်ကို သက်ဆိုင်ရာဘဏ်များတွင် ကျပ်တစ်သောင်းဖြင့် စတင်စာရင်းဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆိုပါ ကတ်ကို အသုံးပြုမည့် ကုမ္ပဏီများကို မြန်မာပေးမန့်ယူနီယံကော်မတီမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်

Myanmar Express

1 comments:

ဒေါ်စု စည်းရုံးရေးမှာပေါ့နော် ပြည်သူေ တွထောက်ခံတယ် ထောက်ခံတယ် နဲ့ အသံတွေကြားတယ် ဟုတ်တာမဟုတ် တာတော့မသိဘူး မထောက်ခံတဲ့သူကို တင်ပြ မယ့် မီဒီယာ မှမရှိတာကို
ဓါတ်ပုံလဲ မရှိ ဆိုတော့ ထောက်ခံတဲ့သူ လား မမြင်ဖူးလို့လား မြန်မာပီပီ အီယောင်ဝါးတွေလား များစွာ နဲ့ပေါ့ အခု ကျနော်သိချင်တာက ထောက်ခံတာ မခံတာ သိချင်လို့ ဒေါ်စု ကို စည်းရုံးရေးမှာ မုံရွာ
အထူးသဖြင့် ဒီပဲယင်း မသွားရဲဘူးလားဆိုတဲ့ ဆောင်းပါးလေး ရေးပေးစေချင်ပါတယ် ...ကျနော်ကလဲ အဲ့လောက်မရေးတတ်လို့ အခုလက်ရှိကျေ န်ာသိတာကတော့ ဒေါ်စု လာရင် ဒီပဲယင်းက ပြည်သူပြည်သား တွေ လက်မခံ တာကိုတော့ ကျနော် သိထားတယ်.. မျှော်နေလျှက်ပါ
myanmar experss စာဖတ်ပရိတ်သတ် ဒဿ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်