Subscribe to our RSS Feed

ကမ္ဘာကျော် GEဂျက်လေယာဉ်နှင့် တာဘိုင်လျှပ်စစ်ကုမ္ပဏီ မြန်မာနိုင်ငံကို မကြာမီလာမည်

From : ပြည်မြန်မာ



မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဟောကောင်အခြေစိုက် အကြီးဆုံးလေယာဉ်ပျံ အင်ဂျင်၊ တာဘိုင်နှင့် လူသုံးလျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် GE(Generation Electronic) သည် လာမည့် လပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၂၂-၂-၂ဝ၁၂ ရက်ကသိရသည်။အဆိုပါ GE၏မှ ဒုတိယဥက္ကဌ JohnG.Rice၏ အဆိုအရ လာမည့်လပတ် အနည်းငယ်အတွင်း လာရောက်မည်ဟုသာ သိရပြီး လာရောက်မည့် ရက်အတိအကျကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။ ''အဲဒီနေရာ(မြန်မာ)က အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်မကြာခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အဲဒီကိုသွားဖြစ်မှာပါ'' ဟု Mr.John G.Riceက ဝါရှင်တန်တွင် ပြောကြားသည်။

၎င်းတို့အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ''အဲဒီမှာ လူဦးရေသန်း ၆ဝကျော်ရှိတယ်။ အရမ်းကိုအရေးကြီးတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်သလို သူတို့ရဲ့ သဘာဝရင်းမြစ်တွေ ဖွံ့ဖြိုးလာတော့မယ့် အနေအထားတွေကြောင့် သူတို့ကို ကျွန်တော်တို့ ကူညီဖို့ ပြင်ဆင်ရပါတော့မယ်ဟု ၎င်းကဆက်လက် ပြောကြားသည်။ ၎င်းတို့အနေဖြင့် လေအားနှင့် ဓာတ်ငွေ့စွမ်းအားသုံး တာဘိုင်များကို ဥရောပဘက်သို့ လာမည့်နှစ်အနည်းငယ် အတွင်း ရောင်းချသွားလိုနေပြီး နျူကလီးယားစွမ်းအင် အတွက်ကိုမူ လုပ်ဆောင်သွားမည် မဟုတ်ဟုဆိုသည်။ ''ကျွန်တော်တို့က သဘာဝရင်းမြစ်သုံးတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ဦးတည် ဆောင်ရွက်သွားပေးဖို့ အသင့်ပါပဲဟု ၎င်းက ဆက်လက်ပြောကြားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်