Subscribe to our RSS Feed

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် လိုအပ်ချက်များစွာရှိနေသည်ဟု ရဲချုပ်ပြောကြား

From : MON


မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယ
ူပို့ဆောင်ရေးကဏ္ဍများအပြင် အခြားကဏ္ဍများတွင်လည်း လိုအပ်ချက်များစွာရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပေါင်းစုံတွင် လိုအပ်ချက်များစွာရှိနေသဖြင့် အချို့ကဏ္ဍများကို အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ယခုနှစ်ပိုင်းတွင်လည်း အာရှ နိုင်ငံများတွင် နိုင်ငံတကာမှ ရဲတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေသည့် သင်တန်းအချို့သို့လည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ထံမှ
သိရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက '' ရဲတပ်ဖွဲ့ဝင်တွေ
အနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နည်းပညာပိုင်းတွေ၊
လေ့ကျင့်ရေးအပိုင်းတွေ၊ သယ်ယူပို့ဆောင်ရေးအပိုင်းတွေ၊ ဆက်သွယ်ရေး
အပိုင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင်ပစ္စည်းအပိုင်းတွေ အားလုံးမှာ လိုအပ်မှုတွေရှိနေပါတယ်။ တချို့ကဏ္ဍတွေကို ဖြည့်ဆည်းဖို့အတွက်
ဆောင်ရွက်နေပါပြီ။ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် လိုအပ်တဲ့ ကဏ္ဍတွေ အားလုံးကို လုပ်ဆောင်ဖို့ အခက်အခဲရှိပါတယ်။ အိုဘားမားခရီးစဉ်တုန်းက ဆက်သွယ်ရေးကဏ္ဍတွေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အခက်အခဲတချို့တွေရှိခဲ့ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ရဲစခန်းပေါင်း ၃၃၀ ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၁၀၀၀၀ ၀န်းကျင် ရှိကြောင်းလည်း ရဲချုပ်ထံမှ သိရှိရပါသည်။ရဲချုပ်ကျော်ကျော်ထွန်းက ''မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေနဲ့ ရဲတပ်ဖွဲ့အင်အားက အချိုးအစားမျှတမှုမရှိတာက အရေးမကြီးဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဓိကနည်း ပညာလိုအပ်ချက်တွေ ရှိနေတာကတော့ အရေးကြီးပါတယ်။ အခုရဲတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။ အဲဒီ သင်တန်းကျောင်းက ၁၉၈၈ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို သင်ကြားခွင့်ပိတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းတွေတက်ရောက်သွားဖို့ အစီအစဉ်ရှိပါတယ်'' ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

 
 Myanmar Express 

2 comments:

လိုအပ်ချက် ပြင်ဆင်စရာတွေက အသုံးအဆောင်ပစ္စည်းတွေ နည်းပညာတွေပဲလား?
စိတ်ဓါတ်တွေကျတော့ထည့်မပြောဘူး။ခြွင်းချက်လား?ပထမဆုံးပြင်ဆင်ရမှာက စိတ်ဓါတ်တွေပါ။ရဲဝန်ထမ်းအားလုံးတော့မဟုတ်ပါဘူး။တော်တော်များများကတော့လိုအပ်ချက်တွေ(စိတ်ဓါတ်)မ ပြည့်ဝဘူး။ကူညီပါရစေ မဖြစ်ပဲ ကူညီကြပါဖြစ်နေတုန်း။

စေတနာသန့်သန့်နဲ့အားလုံးကို ကူညီခြင်ပါတယ် ဒါပေမဲ့ဆင်းရဲနွမ်းပါလို့ နှလုံးထီ၊ သုံးလုံးထီလေးရောင်းနေတဲ့ အလောင်းအစားသမားတွေကို ဖမ်းတော့ ရဲတွေက ကိုယ်ခြင်းစာတရား မရှိဘူုးတဲ့ မဖမ်းပြန်တော့ လက်စားလို့တဲ့ နောက်ဆုံးတော့ ရဲတွေက လူဆိုးကြီးတွေ ဖြစ်နေရတာပါ နည်းပညာအပိုင်းကတော့ အားလုံးလိုလို လိုအပ်နေပါတယ် ဖြစ်နီုင်ရန်အမြန်ဆုံးသာ အကောင်အထည်ဖော်ပေးစေခြင်ပါတယ်
ပြည်သူကိုချစ်သော ရဲတစ်ယောက်(မကွေး)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်