Subscribe to our RSS Feed

တရုတ် ပို့ကုန်ဈေးကွက် အမေရိကန်နိုင်ငံဘက်သို့ ဦးလှည့်

From : MRTV4

 တရုတ်နိုင်ငံ၏အဓိကကုန်သွယ်ဖက်အကြီးဆုံးနိုင်ငံဖြစ်သည့် အီးယူနိုင်ငံများအနေဖြင့် ကြွေးမြီကိစ္စရပ် များကြောင့်
စီးပွားရေး ကျဆင်းနေချိန်တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် ပို့ကုန်ဈေးကွက်တွင် ဦးဆောင် သွားပြီဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ပုဂိုလ် Shen Danyang မှ သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ မှ အမေရိကန်နိုင်ငံသို့ တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၂၈၃.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး အီးယူုနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂၇၆.၈ ဘီလီယံတန်ဖိုးအထိသာ သင်္ဘောတင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဆန်းစမှ စက်တင်ဘာလအထိ အမေရိကန်နိုင်ငံရော၊ အီးယူနိုင်ငံများမှပါ ကုန်မှာစာများ လျော့ကျခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်စေခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ရည်မှန်းချက်ဖြစ်သည့် ပို့ကုန် ၁၀% မြင့်တက်ရေးရည်မှန်းချက်ကို မပြည့်မီနိုင်ခဲ့ဘဲ လွန်ခဲ့သည့် ၁၀ လကျော် ကာလအတွင်း ၆.၃ % သာ ကုန်တင်ပို့နိုင်ကြောင်း သိရသည်။ ယခုနှစ်အတွင်း နိုင်ငံတကာကုန်သွယ်ရေးသည် ကမောက်ကမဖြစ်ခဲ့ပြီး  နိုင်ငံရေးအခြေအနေများကြောင့်လည်း ထိခိုက်မှုများရှိခဲ့ကြောင်း Shen Danyang မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တတိယမြောက် ကုန်သွယ်ဖက်နိုင်ငံ ဂျပန်နိုင်ငံမှလည်း နှစ်နိုင်ငံကြား ပဋိပက္ခများကြောင့် အာဆီယံနိုင်ငံများထံ ကုန်သွယ်ရေးကျားကွက်ရွှေ့သွားခဲ့သည်။

source- AFP


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်