Subscribe to our RSS Feed

ရွှေတိဂုံစေတီပေါ်၌ ပြည်တွင်းဘုရားဖူးများ အင်တာနက် အခမဲ့ အသုံးပြုနိုင်တော့မည်

From :  မြန်မာ့အလင်း


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နေရာအတော်များများတွင် အင်တာနက် သုံးစွဲကြခြင်းနှင့် သုံးစွဲခွင့်များ ပြုလာပြီကို တွေ့မြင်နေရသည်။ ယခုအခါ ပြည်သူအများနှင့် နိုင်ငံခြားသားများ အများဆုံး ရောက်ရှိရာ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ ဦးစားပေးအဖြစ် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်များအား အင်တာနက် သုံးစွဲခွင့် ပြုထားပြီ ဖြစ်သည်။ နိုင်ငံခြား ဧည့်သည်များအနေဖြင့် ဘုရားကြီးပေါ်တွင် အင်တာနက် အသုံးပြုရန် Password ပါဝင်သည့် မိနစ် ၃၀ စာ Access Card များကို နိုင်ငံခြား ဘုရားဖူး ဧည့်သည်များအတွက် ဖွင့်ထားသော ကောင်တာများ၌ ထုတ်ယူနိုင်ပြီး ရင်ပြင်တော်ပေါ်၌ လွတ်လပ်စွာ အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က “ပြည်တွင်းက ဘုရားဖူး ပြည်သူတွေကိုလည်း အင်တာနက် အခမဲ့သုံးစွဲနိုင်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ ဆာဗာတွေနဲ့ ချိန်ကိုက်ပြီး လာမယ့် နှစ်ဆန်းပိုင်းလောက်ဆို ခွင့်ပြုသွားနိုင်တော့မှာပါ” ဟု ပြောပြခဲ့သည်။ လက်ရှိအနေဖြင့် ရင်ပြင်တော်ပေါ်၌ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ကွန်ပျူတာသုံးလုံးကို ခရစ္စတယ်ရှိုင်းကုမ္ပဏီမှ ဂေါပကအဖွဲ့သို့ လှူဒါန်းထားခြင်းဖြစ်ကြောင်းသိ ရှိရသည်။
 

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်