Subscribe to our RSS Feed

ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်းများအား အွန်လိုင်းမှ စတင် လျှောက်ထား နိုင်တော့မည်

From : MRTV4


 နိုင်ငံအတွင်း ပုံနှိပ်နဲ့ ထုတ်ဝေရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး လျှောက်ထားမှု များကို အွန်လိုင်းမှ စတင် လျှောက်ထား နိုင်တော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက် အရ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းဟာ နိုင်ငံ အတွင်း ပုံနှိပ်နဲ့ ထုတ်ဝေ လုပ်ငန်း လုပ်ဆောင် လိုတဲ့ ပုဂ္ဂိုလ်များ အတွက် လုပ်ငန်း မှတ်ပုံတင် လျှောက်ထားမှု ပိုမိုလျင်မြန် ချောမွေ့ လာအောင် မှတ်ပုံတင် လျှောက်ထားမှုကို အွန်လိုင်း ကနေ လျှောက်ထား နိုင်ဖို့ ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းမှ လျှောက်ထားမှု ကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး စီစဉ် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အွန်လိုင်းမှ လျှောက်ထားဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် ဖြစ်တဲ့ www.ministryofinformation.gov.mm မှာ ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်း လုပ်ကိုင် လူသူများ အတွက် လျှောက်လွှာ ပုံစံနဲ့ လိုအပ်မယ့် အချက်တွေကို ကြေညာထား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အတွက် လျှောက်ထား လိုသူတွေ အနေနဲ့ အဆိုပါ ၀က်ဘ်ဆိုက် ကတစ်ဆင့် Download ပြုလုပ်ကာ သတ်မှတ်ပုံစံများ ဖြည့်စွက်ပြီး လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။ လျှောက်ထားမှု ကိုတော့ epprmyanmar@gmail. com ကို ပီဒီအက်ဖ်ဖိုင် ပူးတွဲကာ ပေးပို့ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်