Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

From :သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ  ၂၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီ (၁၀) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ လက်ခံတွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Tony Lynch တက်ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ပြန်လည် သုံးသပ်၍ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယူးဇီလန်နိုင်ငံမှ ပံ့ပိုးကူညီရေး၊ နှစ်နိုင်ငံအကြားမွေးမြူရေး၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ခရီးသွားလာရေး စသည့် ကဏ္ဍများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ နယူးဇီလန်နိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေး၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။             

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်