Subscribe to our RSS Feed

မောင်တောမြောက်ပိုင်း ကျေးရွာ(၁၀)ရွာကျော် စားနပ်ရိက္ခာအခက်ကြုံ

From :MON


မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင်ပြီးခဲ့
သည့် ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သော အခြေအနေ အရပ်ရပ်ကြောင့်ဒေသခံများသည် လယ်ယာလုပ်
ငန်းများ မလုပ်နိုင်ဘဲ စားနပ်ရိက္ခာအတွက်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း သိရသည်။

စိုးရိမ်ကြောင့်ကြမှု၊ စိတ်ခံစားချက်များကြောင့် ကျေးရွာပေါင်း (၁၀)ကျော်မှာမိမိတို့ လယ်ယာလုပ်ငန်းများကို ရပ်နားထားရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုသည်။

အခက်အခဲဖြစ်နေသည့် ကျေးရွာများမှ မင်းကြီးရွာ၊ နံ့သာတောင်၊ သင်္ဘေလှ၊မီးတိုက်၊ ဂေါ်တူလ၊ ဘော်တလာ(ဗန္ဓုလ) ၊ ရွှေတိုင်၊ရေချမ်းချောင်း၊ တရိန်း၊မင်းခမောင်းကျေးရွာများ ဖြစ်သည်။

အဆိုပါရွာများသည် မြို့နှင့် ဝေးလံခေါင်သီသည့် ဒေသများဖြစ်သည့်အလျှောက်လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျေးရွာလုံခြုံရေး
အားနည်းခြင်းများကြောင့် တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ မောင်တော မြောက်ပိုင်း မြို့ပြနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသခံကျေးရွာမှာ စားနပ်ရိက္ခာဆန်စပါး ရှားပါးပြတ်လပ်သွားမဲ့
အခြေအနေပါ။ ဒေသခံ တိုင်းရင်းသားတွေက အပြင်ကိုထွက်ပြီး အရင်လို လယ်မြေ၊တောင်ယာခင်းများ ကိုပုံမှန်သွားရဲကြတာမဟုတ်ဘူး။နောက်ပြဿနာတစ်ခုက အခုနှစ်မိုးရာသီမှာဇွန်လအတွင်းက ဖြစ်စဉ်ဖြစ်ရပ်များကြောင့် စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ တောင်သူတော်တော်များများမှာ
စပါးမစိုက်လိုက်ကြတာကိုတွေရပါတယ်။” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကဆန်စပါးရှားပါးလာရခြင်းအကြောင်းရင်းကို ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်းရခိုင်ဒေသတွင်းရှိလူမှုရေးအဖွဲ့အစည်းတချို့နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ(RNDP) မှလည်း ထိုဒေသများသို့ စားနှပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများသွားရောက်လှူးဒါန်းခဲ့သည်။

ဒေသခံများအနေဖြင့် သိုလှောင်ထားသော ဆန်၊စပါးများကုန်လုနီးပါးဖြစ်ပေါ်နေပြီး ထောက်ပံ့ရေးများမှာ လည်းလုံလောက်မှုမရှိခြင်းကြောင့် စားဝတ်နေရေးအတွက်စိုးရိမ်ပူပန်မှုများရှိနေကြသည်။

“ဒေသခံတွေက လုံခြုံရေးကို စိတ်မချလို့ အရင်လိုဈေးသွားဈေးလာတွေလည်းသိပ်ပြီးတော့ မလုပ်ရဲသလို လယ်ကွင်း ၊ တောကိုလည်း သွားလာမှုတွေမရှိကြပါဘူး။ဒါကြောင့် ရှိတဲ့ ဆန်တွေနှင့်ပဲ အလုပ်မဖြစ် ထိုင်စားနေရတော့ဘယ်လောက်စားရမှာလဲ။ ကုန်ပြီပေါ“ ဟု မင်းကြီး
ကျေးရွာမှ ရွာခံဦးကျော်သန်းက ပြောကြားသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်