Subscribe to our RSS Feed

အစ္စရေးဒုဝန်ကြီးချုပ်၏ အင်တာနက်အကောင့်များ hack ခံရ

From : Planet


အစ္စရေး ဒုတိယဝန်ကြီးချုပ် ဆေလ်ဗန်ရှလွန်းမ်၏ Facebook, Twitter, LinkedIn နှင့် YouTube အကောင့်များ hack လုပ်ခံရပြီး ပါလက်စတိုင်း ထောက်ခံအားပေးသည့် status updates များ တင်သွားခဲ့ကြောင်း သိရသည်။ အစ္စရေး ဒုတိယဝန်ကြီးချုပ်၏ အကောင့်များကို မိမိတို့ hack လုပ်ခဲ့ကြောင်း zCompanyHackingCrew (ZHC) က ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် အစ္စရေး ဒုတိယဝန်ကြီးချုပ် ရှလွန်းမ်၏ အီးမေးလ်အကောင့်ကိုလည်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၎င်း၏ ပုဂ္ဂိုလ်ရေး အီးမေးလ်များ၊ ၎င်းနှင့် အီးမေးလ် အပြန်အလှန် ဆက်သွယ်ထားသူများနှင့် အချက်အလက်မှတ်တမ်းများကို ရယူနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။ 







ZHC အဖွဲ့က ၎င်းတို့ ရယူနိုင်ခဲ့သော အစ္စရေး ဒုတိယဝန်ကြီးချုပ်၏ အချက်အလက်မှတ်တမ်းများကို အမြန်ဆုံး ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ဟားမတ်စ်တို့နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆိုက်ဘာတိုက်ခိုက်မှု အများအပြားကို ရင်ဆိုင်ခဲ့ရကြောင်း အစ္စရေးက မကြာသေးမီက ပြောကြားထားသည်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်