Subscribe to our RSS Feed

လာမည့်နှစ်၌ နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည်

From : Myitmakha


၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အင်ဂျင်နီယာဘွဲ့ (B.E) တက်ရောက်နိုင်သော နည်းပညာတက္ကသိုလ် တစ်ခုစီသာ ထားရှိတော့မည်ဖြစ်သည်။

အဆိုပါ ပညာသင်နှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ နည်းပညာတက္ကသိုလ်အားလုံး၌ အင်ဂျင်နီယာဘွဲ့ (B.E)တန်းများ မတက်ရောက်နိုင်တော့ပဲ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီရှိ သတ်မှတ်ထားသော နည်းပညာတက္ကသိုလ်တစ်ခုတည်း၌သာ (B.E)တန်းများ တက်ရောက်နိုင် တော့မည် ဖြစ်သည်။

''နောက်နှစ်မှာ အဲဒီကျောင်းတွေ အားလုံးမှာ B.E တန်းတွေ ထားတော့မှာ မဟုတ်ပါဘူး။ အဲဒီ အထဲက တစ်ကျောင်းမှာပဲ B.E တန်းတွေ ထားရှိပေးတော့မှာ ဖြစ်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အခုလိုပဲ တိုင်းတစ်တိုင်းကို B.Eတန်း သင်ကြားနိုင်တဲ့ ကျောင်း
တစ်ကျောင်းနှုန်းပဲ ထားရှိ သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျောင်းတွေမှာ AGTI နဲ့ B.Techပဲ သင်ပေးမှာပါ''ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

လာမည့်နှစ်တွင် စတင်ကျင့်သုံးမည့် စနစ်သစ်၌ ယခုလက်ရှိ ကျင့်သုံးနေ
သည့်စာသင်နှစ်များကို ပြောင်းလဲတိုးမြှင့်သတ်မှတ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရှိရသည်။ ထိုသို့ တိုးမြှင့် ပြောင်းလဲရာတွင် AGTI သင်တန်းအား သုံးနှစ်၊ B.Tech သင်တန်းကို နှစ်နှစ်နှင့် B.E သင်တန်းအား တစ်နှစ်သို့ ပြောင်းလဲထားကြောင်း သိရှိရသည်။

“ဒါက ကျောင်းသား/သူတွေကို အရည်အသွေး စစ်ချချင်တဲ့ သဘောလည်းပါမယ်နဲ့တူတယ်။ နောက်ပိုင်း တစ်ဖြည်းဖြည်းလည်း နည်းပညာတက္ကသိုလ်တွေ ကြပ်လာဖို့ ရှိလောက်တယ်။ ကျောင်းသားကောင်းတွေ ထွက်လာတာပေါ့” ဟု နည်းပညာ တက္ကသိုလ် ဆရာမတစ်ဦးကပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ပြောသည်။

၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ်၌ နည်းပညာတက္ကသိုလ် အားလုံးတွင် B.E တန်းများအား တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ထားရှိပေးခဲ့ပြီး အဆိုပါ B.E တန်းများ တက်ရောက်နိုင်ရန် AGTI သင်တန်း ကို နှစ်နှစ်တက်ရောက်ခဲ့ရခြင်းဖြစ်သည်။

AGTI သင်တန်းမှ အရည်အချင်းပြည့်မီသော အမှတ်ရရှိပါက B.Tech သင်တန်းသို့ နှစ်နှစ် ဆက်လက် တက်ရောက်နိုင်ပြီး B.Tech စာမေးပွဲတွင် အရည်အချင်းပြည့်မီသော အမှတ်ရရှိပါက B.E သင်တန်း တစ်နှစ်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
 

 Myanmar Express 

5 comments:

အစအတည်းကအဲဒီလိုဘဲရှိခဲ့တာကို။မှားပါတယ် ကိုသောင်းရယ်။ မင်းတို့တွေက ငါတို့ Y.I.T ကျောင်းသားဘဝ တွေကိုဖျက်ဆီးပစ်ခဲ့ကြတယ်။

ရှင်းတာကိုရှုပ်ပြီသွားပြီလေ

မှားပါတယ် ကိုသောင်းရယ် ငါတို့အရင် old service GTI
တွေလဲ သူလုပ်တာနဲ့ အလိုလို အဆင့်နှိမ့်ခဲ့ရတယ်
အခု မှဘဲ သိက္ခာ ပြန်တက်တော့မယ်

အဲဒီ အသားညိုညစ်ညစ် ကွမ်းစား အဆီပြန်မျက်နှာပိုင်ရှင် (မကျည်းဖျော်ရည်လမ်းတကာလှည့်ရာင်းတဲ့ အညာသားများဂိုက်ဆိုဒ်နဲ့)ကောင်တွေက နည်းပညာဆိုတာ ဘာမှန်းမှမသိတာ။ စပျစ်သီးချဉ်တယ်ဆိုတဲ့ မြေခွေးထက် ယုတ်ညံ့တဲ့ကောင်တွေ။

BEဘွဲ့ပေးရန်အတွက်ရန်ကုန်နှင့်မန္တလေးတွင်စက်မှုတက္ကသိုလ်တစ်ခုစီသာထား၍တက္ကသိုလ်တစ်ခုတွင်ကျောင်း
သားကျောင်းသူစုစုပေါင်း၇၀၀ယောက်ခန့်သာထားရှိသင့်ပါသည်
B Tech ဆိုသည်မှာယခင်ကလည်းမရှိသလိုယခုလည်း
လုံးဝမလိုအပ်သောအဆင့်ဖြစ်ပါသည်B Tech ဘွဲ့ရများ
မှာအရည်အချင်းလုံးဝမရှိသလိုမည်သည့်လုပ်ငန်းများမှ
လည်းခေါ်ယူအလုပ်ခန့်ခြင်းအင်္ဂျင်နီယာအဖြစ်အသိအ
မှတ်ပြုလက္ခံခြင်းများမရှိပါBTechကိုဖြုတ်လိုက်ပါ
GTI အဆင့်မှာယခင်က၃နှစ်သင်တန်းဖြင့်လက်တွေ့
ကျွမ်းကျင်လုပ်ကိုင်နိုင်သောအငယ်တန်းအင်္ဂျင်နီယာအ
ဆင့်ဖြစ်သည်ယခုခေတ်အခေါ်GTUနှင့်GTCများမှဆင်း
သောBE,BTech,AGTIများနှင့်မိုးနဲ့မြေဆီနဲ့ရေပင်ဖြစ်
သည် ယခုခေတ်AGTIနှင့်BTechများဘာမှသုံးစား၍မရပါ
စစ်အင်္ဂျင်နီယာတက္ကသိုလ် ရေကြောင်းတက္ကသိုလ်နှင့်
လေကြောင်းတက္ကသိုလ်များမှာလည်းသီးခြားလိုအပ်
သောတက္ကသိုလ်များမဟုတ်ကြပါ
အင်္ဂျင်နီယာဆိုသည်မှာချီးပေါ သေးပေါထုတ်ကုန်တစ်ခု
လိုထုတ်ယူ၍မရပါအရေအတွက်ထက်အရည်အချင်းကပို
အရေးကြီးသောလိုအပ်ချက်ဖြစ်ပါသည်..ဆရာဝန်တစ်
ယောက်၏ညံ့ဖျင်းမှုသည်တစ်ချိန်တွင်လူတစ်ယောက်
သာသေစေနိုင်သော်လည်းအင်္ဂျင်နီယာမှာမူလူအများသေ
စေနိုင်ပါသည်ထို့ကြောင့်မူလ၁၀တန်းအောင်စဉ်ကထဲက
အမှတ်မြင့်သောဥာဏ်ရည်ထက်မြက်သောသူများကိုစိ
စစ်ရွေးချယ်၍လူဦးရေကန့်သတ်၍စံနစ်တကျကျွမ်းကျင်မှု
ရှိရန်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါသည်
ယခုခေတ်GTU,GTCများပေါများလာသလိုဆရာဆရာမအင်အားမှာလည်းလိုအပ်ချက်တစ်ခုဖြစ်၍လာရာဆရာ
ဆရာမများပင်လျှင်ရရာလူခေါ်သုံးနေရသည့်အနေအ
ထားမျိုးနှင့်အရည်အချင်းမရှိသူများဖြစ်နေသည်ကိုမြင်
တွေ့နေရပါသည်အင်္ဂျင်နီယာဘွဲ့များရကြပါလေ၏အင်္ဂျင်
နီယာအလုပ် လုပ်တတ်သူများကားမရှိဖြစ်နေကြပါပြီ
တိုင်းပြည်အသွင်ကူးပြောင်းရေးတွင်ခေတ်မှီနိုင်ငံတော်
တည်ဆောက်ရန်အင်္ဂျင်နီယာများ များစွာလိုအပ်နေပါ
သည်သို့သော်နိုင်ငံတော်မှမွေးမြူသင်ကြားပေးထားသော
အင်္ဂျင်နီယာများမှာဘွဲ့လက်မှတ်သာရ၍ဘာမှမလုပ်တတ်သောခေတ်၏ဓားစာခံအင်္ဂျင်နီယာအမည်ခံလူညံ့များသာ
ဖြစ်၍နေပါပြီ...အမှားများကိုသိပြီဆိုလျှင်အမှန်ကိုအမြန်
ဆုံးပြင်ကြပါစို့
နောက်ဆုံးအနေနဲ့ပြောချင်တာက"မှားပါတယ်ကိုသောင်း
ရယ်" အမှားကြီးမှားခဲ့ပြီး ၁၀စုနှစ်တစ်ခုခွဲစာလောက်အင်္ဂျင်နီယာအစစ်အမှန်တွေပေါ်ထွက်မလာတော့ဘဲတိုင်းပြည်အနစ်နာကြီးနစ်နာခဲ့ရပါပြီ...အစားထိုးမရတဲ့ဆုံးရှုံးမှုကိုဘာနဲ့ပေးလျော်မှာလည်းကိုသောင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်