Subscribe to our RSS Feed

အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့

From : CSSA


 အိုစမာဘင်လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ၁၀ ယောက်မှာ ၇ ယောက်မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေအထောက်အထား အခိုင်အမာချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။ အမေရိကန် စီအိုင်အေ (လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီ)မှာ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုက်ခဲ့တယ်လို့ ဆိုပါ တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင်တဲ့ အာဖဂန်မှ ဆိုဗီယက်စစ်ပွဲကို သိသူများ ရှိမယ် ထင်ပါတယ်။ ယင်းစစ်ပွဲထဲ အဓိက ပါဝင်တော်လှန်သူထဲမှာ အိုစမာ ဘင်လာဒင်လည်း ပါဝင်ပါတယ်။ ပါဝင်ဒါမှ အဓိက နေရာတွေထဲမှာ ပါဝင်တာ ဖြစ်ပြီး သူ့ကြောင့် အာဖဂန်ဘက်ကနေ တိုက်ပေးမယ့် စစ်သားဦးရေ အမြောက်အများ ရရှိခဲ့ ပါတယ်။ အများစုကတော့ အာရပ်ကမ္ဘာတစ်ဝန်းက အစ္စလာမ် ဘာသာ ချစ် Jihadism တော်လှန်းရေး စစ်သား နဲ့ အာဖရန် အာရပ် စစ်သားများ ဖြစ်ပါ တယ်။ လိုအပ်တဲ့ လက်နက်တွေ၊ အရင်းအနှီးတွေကိုလည်း ဘင်လာဒင်က ရှာဖွေပေးပါတယ်။ အဲ့တုန်းက အာဖဂန်ဘက်ကနေ ကူညီနေတဲ့ နိုင်ငံက များပါတယ်။ အများ သိထားတာကတော့ ပါကစ္စတန်၊ အမေရိကန်၊ တရုတ် တို့ ဖြစ်ပြီး အမေရိကန်ရဲ့  ကူညီမှုကတော့ တိတ်တဆိတ် ဖြစ်ပါတယ်။ ဒီနေရာမှာ စီအိုင်အေက အဓိက ပါဝင်ပါတယ်။ စီအိုင်အေကြောင့် အာဖဂန်တို့ နိုင်တဲ့ စစ်ပွဲလို့တောင် တင်စားကြပါတယ်။ ဒီမှာ ဘင်လာဒင်တို့ အဖွဲ့ဟာ အမေရိကန်ကိုသွားရောက်ပြီး လေ့ကျင့်မှု ယူရပါတယ်။ အမေရိကန် စီအိုင်အေရဲ့  စစ်ရေးလေ့ကျင့်ပေးမှုများရရှိပြီး အဲ့တုန်းက Tim Osama အမည်နဲ့ စီအိုင်အေမှာ တာဝန်ထမ်းဆောင်ခဲ့ တာ ဖြစ်ပါတယ်။ ၉ နှစ်ကြာတဲ့ စစ်ပွဲ တောက်လျှောက် အိုစမာဟာ စီအိုင်အေ နဲ့ လက်တွဲခဲ့ရပြီး အမေရိကန်အကြောင်း ကောင်းကောင်း နားလည် ခဲ့ပါတယ်။ ဒါကြောင့် အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ ဖန်တီးခဲ့တဲ့ အေးဂျင့်တွေထဲမှာ အကြီးမားဆုံး ပြုစုပျိုးထောင်မှု တစ်ခုလို့ ကမ္ဘာတစ်လွှားမှ ယနေ့တိုင် လောင်ပြောင်ခဲ့ကြပါတယ်။ အမေရိကန်က ယနေ့တိုင် ငြင်းဆိုနေပေမယ့် ဗြိတိန်၊ ရုရှား၊ တရုတ် နဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံများကတော့ အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ အေးဂျင့် တစ်ဦး ဖြစ်ခဲ့တယ်လို့ ယနေ့တိုင် လက်ခံထားတယ်လို့ သိရ ပါတယ်။ 

 Myanmar Express 

1 comments:

ဒါဟာငြင်းလို့မရတဲ့အမှန်တရားတခုပါ
ယနေ့မြန်မာပြည်သူတွေထဲမှာသိတဲ့သူကလူနည်းစုပါ
အမေရိကန်တွေကလိုရင်ကောင်းကောင်းအသုံးချတတ်ပြီး၊
မလိုရင်တော့အပြစ်ပေါင်းစုံတတ်ပြီး၊သတ်ပစ်တတ်ပါတယ်
ဒါဟာအမေရိကန်တို့ရဲ့ လုပ်နေကျလုပ်ရပ်တခုပါ

..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်