Subscribe to our RSS Feed

၈၈ မျိုးဆက်ပါတီ ရွှေပြည်သာမြို့တွင် တရားမ၀င် ပိုက်ဆံများ ကောက်ယူလျက်ရှိ

From : သာနောင်


၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ့် ပိုက်ဆံများကောက်ယူမူကြောင့် ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။

အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင် ဆောင်ရွက်ပေးမယ်လို့
ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။

“အိုးပိုင်အိမ်ပိုင် မရှိတဲ့လူတွေကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်းရှိတဲ့သူက သန်းခေါင်းစာရင်း ၊ ဧည့်စာရင်းနဲ့နေတဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ဘုံရှည်ကုန်းကျေးရွာသားကိုနိုင်လင်းစိုး
ကပြောပြပါတယ်။၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီကို “ယုံတဲ့သူအနည်းငယ်သာရှိပြီး မယုံကြည်တဲ့သူများကြောင်းရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။

“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ စားဖို့သောက်ဖို့နဲ့ အိမ်လခစရိတ်အတွက် ပိုက်ဆံကို ချွေတာ သုံးနေရတာ၊အခု ၈၈ ပါတီက ပိုက်ဆံလာကောက်တော့ ဘာမှန်းမသိထည့်ပေးလိုက်တာဘဲ“ လို့ ဦးတင်ဆွေ ဆိုသူက ပြောပြပါတယ်။
လက်ရှိပိုက်ဆံပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။
ဒေသခံတွေဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် မဖြစ်နိုင်ကြောင်း သိရှိရသည်။

ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း ကြိုက်ပုံ မပေါ်ပါဘူး။ "ခင်ဗျားတို့ မီဒီယာတွေက သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့ သိချင်တယ် ဆိုရင် ဥက္ကဋ္ဌကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။ ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေတယ်နော် "၈၈ မျိုးဆက်ပါတီမှ ပါတီဝင်တစ်ဦးက ပြောဆိုခဲ့သည်။

 

 Myanmar Express 

6 comments:

That is not from 88 min ko naing group...be clear...

ထားဝယ် ၈၈ တွေလည်းပြသနာဖြေရှင်းခ ဆိုကာဟပြည်သူထျံငွများတောင်းယူနေ မုညစ်ဖုရပိမုမိုချစ် မှ ဦး ဆောင် ဘိုက်ပျူေက်ာသက် ကျောင်းသောင်းများတောင်းယူလျက်ရှိသည် မိုမိုချစ်မှာကြွေးပေးစရာသိန်းပေါင်းများစွာလိုသောကြောင့်ဟ ထွင်ပြီးတောင်းယူနေပါသည် သတိထားကြပါ

လောင်းလုံးမှာ ငွေချေးပြသနာတွေမှာလည်း မိုမိုချစ်မှဦီးဆောင်ပြီး ဘိုက်ပူ ၈၈ လူတွေတောင်းမေတယဗျို့ 

ရပ်ကွက်ထဲမှာတစ်ယောက်ချင်း ချဉ်ဖတ် စုပေါင်းပြီး မြို့နယ် ခရိုင် တိုင်းအဆင့်တွေဝင်ရှုပ်လို့အဖွဲ့လိုက် ချီးထုတ် တွေလို့သမုတ်ခံရ ပြည်သူ့ရှေ့ကမားမားမတ်မတ် တံဆပ် တံဆိပ်လေးရင်ဘတ်ချိပ် ဆန္ဒပြပေးရမလား ၈၈ အမှုပွဲစားလုပ်ပေးတဲ့ ၈၈ ကျူးမဖယ်ရေးအတွက်၈၈ ဆိုင်ခန်းရရှိရေး၈၈ နွားကယ်ရီ အတွက်၈၈ သတင်းစာရှင်းလင်းပွဲအငှားလုပ်ပေးမဲ့၈၈ နေရာတကာတွေ့ နေရာတကာ အကြံအဖန်ရှာ မင်းတို့ လုပ်စားဂွင် တရားဝင် လိုင်စင်ချပေးထားတယ် မှတ်နေလါး အုပ်ချုပ်ရေးသမားတွေငွေစားရင်တိုင် တိုင်စာရေးခ မင်းတို့ငွေတောင်းပြန်တော့ ခံရသူပြည်သူတွေကဆဲကုန်ကြပြီ။ ၈၈ဆိုမယုံကြနဲ့။

နိုင်ငံတော်သမ္မတတိုင်ပေးမယ် NLD ပို့ပေးမယ် ဥပဒေစိုး မိုးရေးစာတင်ပေးမယ် ILO တင်ပေးမယ် လူ့အခွင့်အရေး ကော်မတီအရောက်ပို့ပေးမယ် နဲ့ ချမ်းမြသာစည်မြို့နယ်က ကျူးတွေဆီငွေတွေကောက်စားသွားကြတယ် ပြီးတော့ ဘာမှလည်းမအောင်မြင်ဘူး မြေဘိုးငွေသွင်းရတာဆုံး နေပြရမယ်ဆိုလို့ တဲထိုးသွပ်မိုး တစ်ခါဆုံး မဖျက်ရရေး အထက်ဌာနတင်ပြပေးမယ်ဆိုလို့ငွေပေးရဆုံး။ အစ အဆုံးသူတို့ပဲမြှောက်ပေး ပြီး စည်ပင်ကတကယ်လုပ် တော့ ရှောင်ပြေးကြတယ်။ အရှက်ပြေ ပြောစကားက သူတို့အမိန့်မနာခံတဲ့ စည်ပင်ကလူကြီး ဖြုတ်ချဘို့လုပ်နေပြီတဲ့ ရာခိုင်နှုံးပြည့်ဘို့ နည်းနည်းလိုတော့တယ်တဲ့ အဲဒါ ဘယ်သူတွေလို့ထင်လဲ သိလား??
အဲဒီလိုနိုင်ငံရေးသမားကိုကြောက်လွန်းလို့တင်ပြပါတယ်

what is mo mo chit?mother fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်