Subscribe to our RSS Feed

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံသား ၂ဝဝဝ ခန့်လာမည်

From : မြဝတီ


လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံခရီးစဉ် အတွက် အမေရိကန်နိုင်ငံ သား ၂ဝဝဝ ခန့် လာရောက် စာရင်းပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ Grand Circle မှ ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ်က ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွက် အဆိုပါ ကုမ္ပဏီက အသေးစား ဇိမ်ခံသင်္ဘောဖြင့် ခရီးသည်များကို ပို့ဆောင် ပေးမည်ဖြစ်ကြောင်း၊ ၁၅ ရက်ကြာမည့် ခရီးစဉ် အတွက် တစ်ရက် ဒေါ်လာ ၂၂ဝ ဖြင့် ဖြစ်စေ၊ ခရီးစဉ် တစ်ခုလုံး အတွက် ဒေါ် လာ ၃၂၉၅ ဒေါ်လာဖြစ်စေ သတ်မှတ် ထားကြောင်း၊ ခရီးသည်အများစုမှာ အသက် ၅ဝ နှစ် အထက် များကြောင်း၊ မြန်မာနိုင်ငံတွင် အံ့ချီးဖွယ်ရာ စေတီပုထိုးများ၊ ခြေတစ်ဖက်တည်းနှင့် လှေလှော်သည့် အင်းသားများ၊ ရေပေါ်အိမ်၊ ရေပေါ်စိုက်ခင်းများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရှေးဟောင်း လူနေမှု ဘဝများနှင့် ရိုးရာ ယဉ်ကျေးမှုများကို လေ့လာကြည့်ရှုရန် ယခုကဲ့သို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်