Subscribe to our RSS Feed

မထင် မှတ်သည့် သတင်း ကြားရသည့် အတွက် သေဆုံးနိုင်ခြေ မြင့်မားနိုင်

From : သာနောင်


ထီပေါက်တာ ဒါမှမဟုတ် မိမိ ချစ်ခင်သူ တစ်ယောက် သေဆုံး သွားတာ လိုမျိုး ကောင်းသတင်း ဒါမှမဟုတ် ဆိုးသတင်း ကြားရ တာကြောင့် သေဆုံးနိုင် တဲ့အထိ ဖြစ်နိုင်ကြောင်း အထူးသဖြင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်ကြောင်း ဂျာမန်မှ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး သတင်းတွေ ကြားရတာကြောင့် ခန္ဓာကိုယ်မှ အဒရီနယ်လင် အပါအဝင် ဖိစီးမှု ဟော်မုန်းတွေ အများအပြား ထွက်ရှိလာတဲ့ အတွက် နှလုံးသွေးကြောမကြီးတွေ ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် နှလုံးတိုက်ခိုက်ခံရသလိုမျိုးနဲ့ ဆင်တူတဲ့ နှလုံးခုန်နှုန်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ အသက်ရှူရ ခက်ခဲတာ၊ ရင်ဘတ်မှာ စူးစူးရှရှ နာကျင်တာနဲ့ မောပန်းသလို ခံစားရပါတယ်။ ချက်ချင်းကုသမှုမခံယူရင် သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ သတင်းကြားပြီး မိနစ်ပိုင်းမှ တစ်နာရီအတွင်းမှာ ဖြစ်တတ်ပြီး အသက် ၅၀ နဲ့ ၇၀ ကြား မီးယပ်သွေးဆုံးပြီးသူ အထူးသဖြင့် နေမကောင်းဖြစ်နေချိန်မှာ အဖြစ်များတယ်လို့ သိရပါတယ်။ 

Myanmar Express 

3 comments:

ပုံက မသာပုံကြီးလား
ကျက်သရေမရှိဘူးကွာ

this pic is su kyi? same face

ဖတ်လို့ကောင်းပါတယ် ဗဟုသုတလည်းရတယ် ဒါပေမဲ့ ဒီလိုပုံမိုးမပါရင်
ဆောင်းပါရှင်ကို ပိုလေးစားမိမှာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်