Subscribe to our RSS Feed

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတ မြို့နယ်၊ ယုန်သလင်းရွာမ (ဒါးကချောင်းကူ) သံကူကွန်ကရစ် တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ယုန် သလင်းရွာမ (ဒါးကချောင်းကူး) သံကူ ကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားအား အဆိုပါ တံတားသစ်၌ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမန်းသန်းရွှေ၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာ ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများ၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးမှ တံတားသစ်ကြီး ဖြစ်ပေါ်လာရခြင်း အကြောင်း ရှင်းလင်းပြောကြားစဉ်
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးက တံတားသစ် ကြီး ဖြစ်ပေါ်လာရခြင်းအကြောင်း ပြောကြားပြီး၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က တံတားနှင့် ပတ်သက် သည့်အချက်အလက်များအား ရှင်းလင်းပြောကြားသည်။


ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်မှ တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားစဉ်
၎င်းနောက် ရပ်မိရပ်ဖ ဦးမောင်ဌေးက ကျေးဇူးတင်စကား ပြောကြားပြီး ဖွင့်ပွဲအထိမ်းအမှတ် အလံများအား တာဝန်ရှိသူများက ပေးအပ်သည်။
ရပ်မိရပ်ဖ ဦးမောင်ဌေးမှ ကျေးဇူးတင်စကား ပြောကြားစဉ်
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမန်းသန်းရွှေ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်မြင့်တို့က တံတားသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
 
တာဝန်ရှိသူများမှ ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်စဉ်
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦးနှင့် တက်ရောက် လာသူများမှ တံတားသစ်ကြီးအပေါ် လှည့်လည်ကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်းသည်။
တံတားဖွင့်ပွဲသို့ တက်ရောက်လာကြသူများမှ တံတားသစ်ကြီးအပေါ် လှည့်လည်ကြည့်ရှုကြစဉ်
အဆိုပါ ယုန်သလင်းရွာမ (ဒါးကချောင်းကူး) သံကူကွန်ကရစ် တံတားမှာ အလျား (၈၀) ပေ x အနံ (၁၆) ပေ၊ အမြင့် (၂၅) ပေရှိပြီး၊ ယုန်သလင်း၊ တလုတ်တော်၊ မြို့ကွင်းလမ်းပေါ်၌ တည်ရှိသည်။
 
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးမှ တံတားဖွင့်ပွဲသို့ တက်ရောက်လာကြသော ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
အဆိုပါတံတားအား စုပေါင်းလှူဒါန်းငွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးနှင့် ရပ်မိရပ်ဖများမှ စုပေါင်းလှူဒါန်းငွေ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရံပုံငွေတို့ဖြင့် စုပေါင်းဆောက်လုပ်ခြင်း ဖြစ်ပြီး၊ တံတားတည်ဆောက်ရေး ကာလတွင်လည်း ပတ်ဝန်းကျင် ရွေးရွာများမှာ လုပ်အားဒါနများ ပါဝင်ခဲ့ကြကြောင်း သတင်းရရှိသည်။
 
 Myanmar Express 

1 comments:

ဘာ လုပ် လုပ် စေ တ နာ ထား လုပ် ကြ
ခက် ပါ တယ် ကွာ
ဒီနေ့ခေတ် က အ လုပ် လုပ် သူ ကို အပြစ်ရှာ ပြီး
အပြစ် ပြောတယ် အလုပ် လုပ် ပြီး အမြတ် ထုတ်
သူ ကို ဆရာ တင် တယ်
ပါးစပ် နဲ့ အ လုပ် လုပ် သူ ကို အဟုတ် မှတ် တယ်
ဘာ မှ မလုပ် ဘဲ ဘေးထိုင် ဘု ပြော သူ ကို အထင်
ကြီး တယ်
ကောင်း တာ လုပ် တော့ ......အကောင်းမမြင်
မကောင်း တာ လုပ် တော့ ....... အဟုတ် ထင်
ဟုတ် သ လိုလို..... မျှော် ကိုး သော် လည်း
ဘယ် မှာလည်း.....အမေ
မသေခြာ၊ မရေရာ တဲ့ လမ်း
လျှောက် ချင် သူ တွေ.....လျှောက် ကြ စမ်း
အမောင် တို့......ဘယ် ကို လှမ်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်