Subscribe to our RSS Feed

ယခုနှစ်ကုန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းနှင့် ပြည်တွင်း လေကြောင်းလိုင်းများမှ လေယာဉ်အစင်းရေ တိုးချဲ့ပျံသန်းမည်

From : ခေတ်လူငယ်


ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတကာ လေကြောင်းလိုင်းနှင့် ပြည်တွင်း လေကြောင်းလိုင်းများမှ လေယာဉ်အစင်းရေများ တိုးချဲ့ ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် လက်ရှိတွင် မြန်မာအဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှန်းဝင်းတို့သည် လေယာဉ်အစင်းရေ ၂၉ စင်းဖြင့် ပျံသန်းလျက်ရှိပြီး အသစ်ထပ်မံ အားဖြည့်ပျံသန်းမည့် ငါးစင်း အပါအဝင် လေယာဉ်အစင်းရေ ၃၄ စင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ “ခရီးသွား ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာလို့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် အစင်းရေတွေကို အားဖြည့်သလို နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း တိုက်ရိုက်ခရီးစဉ်တွေ ပျံသန်းဖို့ တင်ပြလာတယ်။ စိစစ်ပြီးခွင့်ပြုပေးပါတယ်။ လပိုင်းအတွင်းမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေရဲ့ တိုက်ရိုက်ခရီးစဉ် အသစ်တွေ ပျံသန်းဖို့ ရှိပါတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ ယခုနှစ်၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်တွင်း လေကြောင်းလိုင်းများမှ ခရီးသည် အဝင်အထွက် ခုနစ်သိန်းကိုးသောင်းရှိခဲ့ပြီး အောက်တိုဘာမှ ဒီဇင်ဘာအထိ ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည် သုံးသိန်း ဝင်ရောက်မည်ဟု ခန့်ခန်းထားသည်။ ထို့ပြင် နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုမှုသည် ဇန်နဝါရီမှ စက်တင်ဘာအထိ ၁ ဒသမ ၃ သန်းရှိပြီး အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည် လေးသိန်းကျော် ဝင်ရောက်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်