Subscribe to our RSS Feed

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင်မိန့်ခွန်း ပြောကြားမည်

From :7Days


မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။ ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီး
နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်