From : သဇင်ဥ
ဘင်္ဂလာအာဏာပိုင်က ဘင်္ဂလီ(၄၃)ဦးအား မြန်မာနိုင်ငံသားဟုဆိုကာ ယမန်နေ့က တရားမ၀င် မှောင်ခိုနယ်စပ်များမှ မောင်တောမြို့နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာ ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ်(၁၇)တပ်ရင်းက ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် ခေါင်းတုန်းဒေသမှ ယင်းပို့ဆောင်ခဲ့သော ဘင်္ဂလီ(၁၆)ဦး၊ တောင်ပြိုဒေသမှ (၁၉)ဦးနှင့် ဘာလူခါးလီနယ်မြေမှ (၈)ဦး စုစုပေါင်း(၄၃)ဦးအား ယမန်နေ့က ဖမ်းဆီးမိရာ ချက်ခြင်းပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကော့စ်ဘဇားမြို့ ယမန်နေ့ကထုတ် ၀ပ်ဆိုက်နှင့် သတင်းစာများက ဖေါ်ပြခဲ့သည်။
ဘင်္ဂလာ အာဏာပိုင်အနေဖြင့် ကျူးကျော်လာသူ မြန်မာနိုင်ငံသားများဟုဆိုကာ ယင်းကဲ့သို့ ဘင်္ဂလီ(၃၆၄)ဦးအား ယခုလ နိုဝင်ဘာလအတွင်းက အဆိုပါ အမှတ် (၁၇)တပ်ရင်း နယ်စပ်စစ်ကြောင်းက ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း တပ်ရင်းပြောရဲဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် စိုကိုရီယာရဲဋ္ဌာနမှ အဆိုပါ မြန်မာနိုင်ငံသားဟု စွပ်စွဲပြီး ဘင်္ဂလီ(၅)ဦးအား ယမန်နေ့က ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် http://coxsbazarnews.net က ဖေါ်ပြသည်။
သို့သော်လည်း ရခိုင်ပြည် နယ်စပ်ဒေသအခြေစိုက် လ၀က၊ နစကနှင့် စစ်တပ်တပ်ဖွဲ့များအနေဖြင့် ယင်းဘင်္ဂလာက တရားမ၀င် နယ်စပ်မှောင်ခိုလမ်းများမှ အတင်းအဓမ္မပို့ဆောင်ခဲ့သော ဘင်္ဂလီများအား မည်သည့်အခါမှ တစ်စုံတစ်ရာ လိုက်လံစစ်ဆေး အရေးယူ မေးမြန်းမှုများ ယခုအချိန်ထိ မရှိသည့်အပြင် နယ်စပ်လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းရှိသည်ကိုလည်း မတွေ့ရကြောင်း ဒေသခံမျက်မြင်များက ဆိုသည်။
ဘင်္ဂလာက အဆိုပါ ဘင်္ဂလီများအား ဒေသအတွင်း ကျူးကျော်လာသူများဟုဆိုကာ နေ့စဉ်ဖမ်းဆီးမှုများရှိနေကြောင်းနှင့် နေ့စဉ် နယ်စပ်ဒေသ မှောင်ခိုလမ်းများမှ ပို့ဆောင်လျက်ရှိနေကြောင်း ကော့စ်ဘဇားမြို့ ဒေသထုတ်ဝပ်ဆိုက်နှင့် သတင်းများက ဖေါ်ပြချက်များအရ သိရှိရသည်။
ဘင်္ဂလာပိုက်နက် နတ်မြစ်အတွင်းရှိ ကျွန်းများမှ မလေးရှားသို့ ခိုးဝင်ပြီး အခြေချနေထိုင်ကာ အလုပ်လုပ်ရန်သွားသည့် စက်ဘုတ်(၂)စီး နိုဝင်ဘာ ပထမအပတ်က နစ်မြှပ်ခဲ့ရာ ဘင်္ဂလီ(၁၀၀)ကျော် သေဆုံးကြောင်းနှင့် ဘင်္ဂလာရေတပ်ဖွဲ့မှ (၃၀)ကျော် ကယ်တင်ရရှိခဲ့ကြောင်း ဒေသသတင်းများက ဆိုသည်။
ဘင်္ဂလာ BGB တပ်ဖွဲ့များအနေဖြင့် ယမန်နေ့ကအထိ ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မငြိမ်သက်မှုကြောင့် နယ်စပ်မှတ်တိုင် (၅၁)ဒေသအတွင်းတွင် နယ်မြေသန့်ရှင်းရေး စစ်ဆင်ရေးများ ပြုလုပ်လျှက်ရှိနေပြီး ဆက်လက်၍ နယ်စပ်မှတ်တိုင် အနီးအနားများသို့ သွားရောက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်း BGB စစ်ဆင်ရေးမှာ ဘင်္ဂလာအခြေစိုက် အမည်မသိ မြန်မာ့အတိုက်အခံတပ်ဖွဲ့တစ်ခုမှ ရခိုင်ပြည်နယ်စပ်တွင် လမ်းဖေါက်လုပ်နေသော GE တပ်ဖွဲ့ဝင်များအား နိုဝင်ဘာ(၆)ရက်နေ့က ခိုအောင်းပစ်ခတ်မှုကြောင့် တစ်ဦးပွဲချင်း သေဆုံးခဲ့ပြီး (၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုနှင့် ပတ်သက်၍ နယ်စပ်အတွင်း လုံခြုံရေးယူထားခြင်းဖြစ်သည်။
မြန်မာစစ်တပ်အနေဖြင့် ယင်းတို့၏ နိုဝင်ဘာလ(၆)ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခံ GE တပ်သားများအား သက်ဆိုင်ရာနယ်မြေပိုင်ရှင် ဘင်္ဂလာက ရှာဖွေအပ်နှံရန် ပန်ကြားထားကြောင်းနှင့် မပေးနိုင်ပါက သောင်းကျန်းသူများရှိသော ဘင်္ဂလာပိုင်နက်သို့ ၀င်ရောက်ရှာဖွေသွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။
ဘင်္ဂလာအာဏာပိုင်က ရခိုင်ပြည်အတွင်း ကျူးကျော်သောင်းကျန်းသူများက စတင်သည့် အကြမ်းဖက်မှု ကာလတစ်လျှောက်တွင် ၎င်းတို့နယ်စပ်များအတွင်း လုံခြုံရေးများ ထူထပ်စွာ စောင့်ကြပ်ချထားလျှက်ရှိသည်။
ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ်အတွင်း ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် (၅၁)အနီးရှိ ရခိုင်ကျေးရွာများမှာ မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားသည်။
"လိမ္မော်ဆရီ BGB စခန်းမှာ နစကကလာပြီး (၈)ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်၊ နစကက သူတို့စစ်သား(၃)ဦးကိုရှာဖွေပေးပို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊ အဲဒါ ကုလားသောင်းကျန်းသူက ရွာကိုလာပြီး အမျိုးမျိုး ခြိမ်းခြောက်နေပါတယ်၊ ရှိတဲ့ဖုန်းတွေကို သိမ်းယူသွားပါတယ်၊ ယောင်္ကျားတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ ရှိပါတယ်၊ BGB တွေက ဖြေရှင်းကူညီပေးပါတယ်၊ ဒါပေမယ့် အခုကရွာမှာ မနေရဲလို့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဆွေမျိုးဆီ ပို့ထားသူတွေ ရှိပါတယ်၊ လယ်ခင်းယာတွေကို မပြုစုနိုင်တော့ အခက်အခဲပေါ့။"ဟု အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ဘင်္ဂလာ ကော့စ်ဘဇားခရိုင် ရာမူး(ပန်းဝါမြို့)နယ်အား အကြမ်းဖက်သောင်းကျန်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာက ဖမ်းဆီးရန် ရှာဖွယ်နေကြောင်း၊ ယင်းတရားခံများမှာ တောအတွင်း တိမ်းရှောင်နေကြကြောင်း၊ ဆက်လက်အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ရှိနေသေးကြောင်းနှင့် တောင်တန်းဒေသရှိ ရခိုင်၊ သက်၊ မာရာမာ၊ ဒိုင်းနက်စသော ဗုဒ္ဓဘာသာဝင် ဒေသခံများမှာ ယခုအခါ တခြားအတည်မပြုနိုင်သေးသော ကောလဟာလ သတင်းများကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိနေသည်။
Myanmar Express

2 comments:
အင်္ဂလိပ်နဲ့ဂျပန် မြန်မာနိုင်ငံကိုလာပြီးကျွန်ပြုအုပ်စိုးတာ
ထက်အစပေါင်းများစွာပိုကြောက်စရာကောင်းတယ်ဆို
တာသတိပြုကြစေလိုပါတယ်...သူတို့မူဆလင်လူမျိုးခြင်း
လူဦးရေတိုးပွားအောင်လုပ်ဆောင်နေရုံမကမြန်မာအမျိုး
သမီးများကိုပါအနုနည်းအကြမ်းနည်းများဖြင့်သိမ်းသွင်း၍
မယားပြုပြီးမူဆလင်လူဦးရေနှင့်အစ္စလာမ်ဘာသာဝင်တိုး
ပွားရေးကိုစံနစ်တကျစီမံကိန်းချ၍ဆောင်ရွက်နေကြခြင်း
ဖြစ်ပါသည် သူတို့၏ရည်ရွယ်ချက်မှာ မွတ်ဆလင်ကမ္ဘာ
ထူထောင်ရေးဖြစ်ပါသည် မြန်မာနိုင်ငံတွင်သာမကကမ္ဘာ့
နိုင်ငံအသီးသီးတွင်ကြုံတွေ့နေရသောပြဿနာတရပ်ဖြစ်
၍နေပါပြီ...အနာဂတ်သားသမီး မြေး မြစ်များအတွက်ရင်
မောစရာ စိတ်ပူစရာဖြစ်နေပါပြီ ဘာသာ သာသနာအ
တွက်ရတက်မအေးဖြစ်နေရပါပြီ...အခုအချိန်ကစပြီးဟန့်
တားကာကွယ်မည်ဆိုလျှင်ပင်အတော်လေးနောက်ကျနေ
ပြီဖြစ်ပါသည်...အခြေခံလွယ်ကူလုပ်ဆောင်၍ရသော
နည်းလမ်းများဖြစ်သည့်မူဆလင်များအားလူရာသွင်း
ဆက်ဆံမှုမပြုခြင်း လက်ထပ်ထိမ်းမြားမှုမပြုခြင်း မူဆ
လင်များအားမိမိရပ်ရွာအတွင်းမြေနှင့်အိမ်ယာများအား
ရောင်းချခြင်းမပြုခြင်း ရပ်ရွာအတွင်းအသစ်ပြောင်းရွေှ့နေ
ထိုင်ရန်ရောက်ရှိလာမည့်မူဆလင်ကုလားများကိုလုံးဝ
လက်သင့်မခံဘဲညီညွတ်စွာစုပေါင်းဟန့်တားမောင်း
ထုတ်ခြင်းမွတ်ဆလင်ကုလားများအားမှတ်ပုံတင်သန်း
ခေါင်စာရင်းများမပြုလုပ်ပေးခြင်း ရှိပြီးသားမှတ်ပုံတင်များ
ကိုလည်းစစ်ဆင်ရေးနည်းဖြင့်ပြန်လည်စစ်ဆေး၍အရေး
ယူဆောင်ရွက်ခြင်း မူဆလင်များ၏စီးပွားရေးလုပ်ငန်း
များအား အားပေးမှုမပြုခြင်း ယင်းတို့ရောင်းချသည့်
ပစ္စည်းများနှင့်အစားအသောက်များအားဝယ်ယူခြင်းစား
သောက်ခြင်းများမပြုလုပ်ကြရန်နှင့်မိမိရပ်ရွာအတွင်းအ
စဉ်သဖြင့်ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်ပွဲလမ်းများတရား
ပွဲများအားစည်ကားသိုက်မြိုက်စွာကျင်းပ၍အစ္စလာမ်ဘာ
သာကိုမှေးမှိန်ပပျောက်အောင်ဆောင်ရွက်ခြင်း အစရှိ
သည်တို့ကိုကြိုးပမ်းဆောင်ရွက်နိုင်ပါကမြန်မာ့လူ့ဘောင်
လောကတွင်မူဆလင်များနေထိုင်ကျက်စားမှုများကိုအ
တိုင်းအတာတစ်ခုအထိဟန့်တားထိန်းသိမ်းနိုင်မည်ဖြစ်
ပါသည်....သတိရှိကြပါ အသိရှိကြပါ...ပေါ့ပေါ့တန်တန်
သဘောမထားကြပါနှင့်...မြေမျို၍လူမျိုးမပြုတ်ပါ လူမျို၍
လူမျိုးသာမက ဘာသာ သာသနာပါပြုတ်သွားပေလိမ့်
မည်...

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်