Subscribe to our RSS Feed

မြန်မာ့နိုင်ငံကို အဆိုးမြင်ပေးဖို့ အိန္ဒိယအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

From : rfa

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင်တာမျိုး မဖြစ်စေသင့်ပဲ အဆိုးမြင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထမဆုံး ဝန်ကြီးချုပ် Jawaharlal Nehru အထိမ်းအမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့  The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ  လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာဝန်ယူမယ်လို့ ဆိုပါတယ်။

အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစားတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဖြစ်ဖို့လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Myanmar Express 

13 comments:

ဖာစု ကတော့ ပေါက်တတ်ကရ တွေလျှောက်ပြောနေပြန်ပြီ။အားလုံး ကိုယ်ကျိုးနဲ ကုန်
တော့မှာပဲ။

14.11.2012 , အမှန် တ ရား ကို ဖုန်း ကွယ် လို့  မရ ပါဘူး သမ္မ တ ကြီး ကို နိုင် ငံ တ ကာ က ယုံ ကြည် နေ ပါ ပြီ ။

NLD နဲ့ ဒေါ်စုကို ထောင်ခံနေသူများကို ပြောချင်ပါတယ်
အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း သတိပေးလိုက်ပါတယ်။

ဘယ်လိုမိန်းမမျိုးလဲ? စိတ်ဓါတ်အောက်တန်းကျလိုက်တာ ဒေါ်စုရယ်။ ခင်ဗျားလိုလူမျိုးတွေ ရှိနေလို့ မြန်မာပြည် မတိုးတတ်တာ။

ဘွားတော် မြန်မာနိုင်ငံကပြည်သူတွေကိုမစော်သင့်ပါ။မြန်မာနိုင်ငံလို့သုံးစွဲပြောဆိုလိုက်ခြင်သည်နိုင်ငံအတွင်းကနေထိုင်သူသန်း(၆၀)ကျော်သောပြည်သူအားလုံးကိုဆိုလိုက်ခြင်းပင်ဖြစ်ပါသည်။ပြည်သူတွေကိုအကောင်းမမြင်နဲ့လို့ဘွားတော်ဘာကြောင့်ပြောတာလည်း?
ဘင်္ဂါလီတွေကိုလက်မခံတဲ့ပြည်သူတွေမို့လား?
ကုလားကိုကုလားလို့ခေါ်လို့လား?
တကယ်တမ်းအကောင်းမမြင်ဖို့ပြောရမဲ့သူကမြန်မာပြည်သူတွေနေထိုင်နေတဲ့မြန်မာနိုင်ငံကိုမဟုတ်ပါ။
ဘွားတော်(ဒေါ်စုကြည်)ကိုယ့်ကိုကိုယ်ပြန်ပြောသင့်တဲ့စကားပါ။ခင်ဗျာပြည်သူတွေအတွက်ဘာလုပ်ပြီးပြီလည်း? ဘာပြောလည်းဆိုတာတော့ပြည်သူတွေသိပြီးသားပါ--ဘာတဲ့ ကုလားကိုကုလားလို့မခေါ်နဲ့
ဘွားတော်ကမြန်မာလူမျိုးတွေပေါ်မှာတာစွာကျယ်စွာကျယ်နဲ့အာချောင်ရဲတာပါ။တိုင်းတပါးကသူတွေနဲ့ဆိုရင်အမြီးကုတ်နေတဲ့ခွေးမကြီးပါ။

ဒေါ်စုကိုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ဘယ်သူက
သတ်မှတ်တာလဲဘာလို့အဲ့ဒီလိုခေါ်နေကြတာလဲသူ့ပါတီကလူတွေကအတင်းကာရောခေါ်ဝေါ်သမုတ်နေကြတာ
မဟုတ်ဘူးလား..ပြောကြကြေးဆိုရင်ဒီမို
ကရေစီဆိုတဲ့စကားလုံးကိုဦးနေဝင်းကစပြောပြီးလမ်းဖွင့်
ပေးခဲ့တာပါ နောက်ပိုင်းမှာဗိုလ်ချုပ်မှုးကြီးစောမောင်က
ထပ်ပြီးလမ်းညွှန်ဆောင်ရွက်ခဲ့တာပါ ၈လေးလုံးအရေးအ
ခင်းဖြစ်တာဒီမိုကရေစီတောင်းဆိုတဲ့အရာတစ်ခုမှမပါခဲ့
တာအားလုံးအသိပါ...နောက်ပိုင်းမှနိုင်ငံရေးသမားဆိုတဲ့
လူလည်ကြီးသားသမီးလုပ်စားကိုင်စားတွေကသံယောင်
လိုက်လာကြတာပါ...ဦးအောင်ကြီးကလည်းသူ့ကိုယ်သူ
ဒီမိုကရေစီဖခင်ကြီးတဲ့...နောက်မှမိသားစုကိစ္စနဲ့ရောက်
လာတော်မူတဲ့ဒေါ်စုကလည်းပွဲလန့်တုန်းဖျာဝင်ခင်းတော့
တာပါပဲ...အဲ့ဒီမတိုင်ခင်ကဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့
နာမည်ကိုလူ၁၀၀မှာ၁၀၀လောက်နီးပါးမကြားဘူးကြသလိုသိလည်းမသိကြပါဘူး...ဗိုလ်ချုပ်အောင်ဆန်းကို
တောင်ပိုက်ဆံထဲမှာပဲမြင်ဘူးကြတာလေ..သူ့သမီးဆိုပြီး
အရှင်လတ်လတ်ကြီးထွက်လာတော့အားလုံးကတအံ့တ
သြပဲ..ထူးဆန်းပါပေ့ဆရာတွတ်ရယ် ဒီမတိုင်ခင်ကဒီမိန်း
မကြီးဘယ်ရောက်နေလို့လဲ...ကံတော့ထူးတယ်လို့ပြော
ရမှာပါဘာတစ်ခုမှပင်ပင်ပန်းပန်းမကြိုးပမ်းလိုက်ရပဲနဲ့ဖ
ခင်မျက်နှာနဲ့မျက်စိမှိတ်ထောက်ခံကြတဲ့လူပိန်းတွေ
ကြောင့်အရှင်မွေးတော့နေ့ခြင်းကြီးဆိုသလိုမဆီမဆိုင်ဒီ
မိုကရေစီခေါင်းဆောင်ဆိုပြီးဖြစ်လာပါ၏ ဤအမည်သ
ညာသည်သူတို့ဘာသာပေးထားသောအမည်သာဖြစ်၍
တိုင်းပြည်နှင့်မည်သို့မှမသက်ဆိုင်သလိုအသိအမှတ်ပြု
ရန်လည်းမလိုအပ်ပါ...ဒေါ်စုသည်nld၏ခေါင်းဆောင်သာ
ဖြစ်ပါသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်မဟုတ်ပါ လုံး
ဝမဟုတ်ပါ..မဟုတ်မမှန်ကိုယ့်ဂုဏ်ကိုယ်ဖေါ်ခြင်းကား
ရှက်တတ်လျှင်ရှက်စရာကောင်းလှပါပေသည်။

သမ္မတကြီးက တည်ကြည်တယ်။ ရှေ့နောက် စကားပြောညီညွတ်တယ်။ တိုင်းတပါးက လူတွေ ကိုယ့်တိုင်းပြည်ကို ကျူးကျော်စော်ကားလာရင် တိုင်းပြည်အရေး အမျိုးသားအရေးကို ပြည်သူပြည်သားတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးတယ်။ အိန္ဒိယနိုင်ငံ မက တကမ္ဘာလုံး နီးနီးလက်ခံနေပါပီ။ ဒါတွေ အားလုံးဟာ အပြောမဟုတ်ဘူး လက်တွေ့ အကောင်တည်ဖော်လုပ် ဆောင်နေတာ။ ဘေးထိုင် ဘုပြော လေပေါတဲ့ အထဲမှာ တို့ရဲ့ သမ္မတကြီး မပါဘူး။

ဝါး လုံး နဲ့ လျှို ထမ် ရ င် ကော င်း မယ် ထင် တယ်။

အ မျိုး သား ခေါ င်း ဆော င် ကြီ့း့  သူ တို့ ဘဲ ပိုင် တယ် ။ ဒီ မို ဂ ရေ စီ သူ တို့ ဘဲ လုပ် နေ တယ့့် 
ဒီ မို ဂ ရေ စီ ခေါ င် ဆောင် သူ တို့ ဘဲ ကင် ပွ န်း တပ် တယ် ။ ခ င် ဗျာ တို့ လူ တော် တွေ ပါ့  ပြည် သူ့ ရှေ့ နေ ရာ ယူ တဲ့ အ ခါ့ ဟားဟား အ မှန် တ ရား က ဒဏ် ခတ် တော့ မ ယ့့်  ယမ မင်း စောင့် ကြည့် နေ တယ်

ကိုယ်နိုင်ငံထဲမှာပြောတာအပြစ်မတင်ဘူး သူများနိုင်ငံမှတော့သွားမလုပ်နဲ့လေ.........

မှန်လိုက်တာ ဒီPOSTကို အရမ်းကိုထောက်ခံပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်