အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)
အင်ဒိုနီးရှားနိုင်ငံ မန်နိုဒါမြို့တွင် ဇန်န ၀ါရီလ ၁၁ ရက်မှ ၁၄ ရက်အတွင်း ကျင်းပမည့် ASEAN Tourism Forum ပြပွဲတွင် မြန်မာ နိုင်ငံ၏ ၂၀၁၁-၁၂ အတွက် ရွေးချယ်ထားသော အာဆီယံ ဂရင်းစံနှုန်းဝင် ဟိုတယ် ၁၀ လုံးကို ဆုချီး မြှင့်ပေးသွားမည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ (MTB) မှ ဥက္ကဋ္ဌ အဖွဲ့ဝင် ဦးခင်မောင်ရင်က ပြောကြားသည်။
Hotel Ayeyarwaddy ၊ Mandalay Hill Resort ၊The Hotel@Tharabar Gate ၊ Emerald Sea Resort ၊ Mrauk U Princess Resort ၊ Myanmar Andaman Resort ၊ Hotel Max Aureum Resort & Spa ၊ Thazin Garden Hotel ၊ Myanmar Treasure Resort စသည့် ဟိုတယ်များကို ၂၀၁၁-၁၂ အာဆီယံဂရင်း အဆင့်အတန်းမီ ဟိုတယ်များအဖြစ် သတ်မှတ်ခဲ့သည်။
"ဒီလို ဂရင်းစံနှုန်းနဲ့ညီတဲ့ ဟိုတယ်တွေ ရွေးချယ်သတ်မှတ်ခဲ့တာ သုံးနှစ် ရှိသွားပါပြီ။ ဒီနှစ်မှ ပထမဆုံး ဒီဆုကို ရတာပါ။ ကျွန်တော်တို့ ဟိုတယ်ပတ်ဝန်းကျင်ကို သဘာဝအတိုင်းဖြစ်အောင် ထားပါတယ်။ ရေဆိုးစနစ် မိလ္လာစနစ် တွေကို စနစ်တကျထိန်းသိမ်းပြီး Bio စနစ်လုပ်ပါတယ်။ အဓိက ကတော့ သဘာဝပတ်ဝန်းကျင်ကို အတတ်နိုင် ဆုံး ထိန်းသိမ်းပါတယ်"ဟု Myanmar Andaman Resort မှ မန်နေဂျင်းဒါရိုက် တာ ဦးခင်မောင်ရင်က ပြောသည်။
ပတ်ဝန်းကျင်နှင့် ရင်းနှီးမှုရှိပြီး စွမ်းအင်ထိန်းသိမ်းရေးစနစ်နှင့် ပြည့်စုံ သောဟိုတယ်များကို Green Hotel အဖြစ် သတ်မှတ်သည်။
ရေအကျိုးသက် ရောက်မှု၊ ရေဆိုးထိန်းသိမ်းရေး လုပ်ဆောင်မှု၊ လေကောင်းလေသန့် ရရှိမှု၊ ဆူညံမှု ထိန်းသိမ်းထားမှု၊ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိသော ဟိုတယ်များကို ASEAN နိုင်ငံများက Green Hotel အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။
အဆိုပါအချက်များပါဝင်သည့် အချက် ၁၀ ချက်နှင့်အညီ မြန်မာနိုင်ငံ၏ အာဆီယံဂရင်းစံနှုန်းဝင် ဟိုတယ်များကို ရွေးချယ်ကာ ဆုချီးမြှင့်လျက်ရှိသည်။
ပြပွဲနှင့် ဆုချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးဌေးအောင်၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင် အချို့ တက်ရောက်မည်ဖြစ်သည်။
Myanmar Times
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်