Subscribe to our RSS Feed

ဖုန်းများလဲလှယ်ခြင်းအတွက် နေ့စဉ်လျှောက်လွှာများဖြင့် ဆောင်ရွက်ပေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူများဆက်သွယ်မှု လွယ်ကူစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ရှိ CDMA Fixed Phone (၀၁-၇၂xxxxx)၊ CDMA Mobile Phone (၀၉-၈၀xxxxxx) ဖုန်းများအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစ၍ မိမိကြိုက်နှစ်သက်ရာ မိုဘိုင်းစနစ် (GSM,CDMA-450, CDMA-800) တယ်လီဖုန်းများဖြင့် လဲလှယ်ပေးလျက်ရှိသည်။ ထို့အပြင် ဆယ်လူလာမိုဘိုင်း တယ်လီဖုန်းများ ဖြစ်သည့် (၀၉-၉၉xxxxxx) နှင့် (၀၉-၉၀xxxxx) ဖြင့်စသော တယ်လီဖုန်းများကိုလည်း ဇန်နဝါရီ ၃၁ ရက်အထိ မိမိကြိုက်နှစ်သက်ရာ မိုဘိုင်းစနစ် (GSM, CDMA-450, CDMA-800) တယ်လီဖုန်းများဖြင့် လဲလှယ်ပေးနိုင်ရေးအတွက် နေ့စဉ် လျှောက်လွှာများ လက်ခံဆောင်ရွက် လဲလှယ်ပေးလျက်ရှိသည်။ လဲလှယ်မည့်သူများအနေဖြင့် ရန်ကုန်မြို့နှင့် နယ်မြို့အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ငွေစာရင်းဌာနတွင် ကြွေးကင်းရှင်းကြောင်း စာရွက်ရယူ၍ လဲလှယ်လိုကြောင်း လျှောက်လွှာတင်ရမည် ဖြစ်သည်။ မိုဘိုင်းတယ်လီဖုန်းများအား လဲလှယ်မည်ဆိုပါက ဖုန်းဘီလ်စာအုပ်၊ စာချုပ်မူရင်း၊ လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္ထူမူရင်းတို့ လိုအပ်ပြီး အဆိုပါ ဖုန်းများလဲလှယ်ပေးခြင်းကို ရန်ကုန်မြို့၌ ရွှေဂုံတိုင် (စီးပွားရေးဌာန)၊ ပန်းဆိုးတန်း (စီးပွားရေးဌာန)၊ အလုံ (စီးပွားရေးဌာန)၊ ရန်ကုန်စာတိုက်ကြီး (စီးပွားရေးဌာန)၊ လမ်း(၄၀) (စီးပွားရေးဌာန) နေရာငါးနေရာတွင် ဆောင်ရွက်ပေးလျက်ရှိကာ ပြည်နယ်/တိုင်းဒေသကြီးများရှိ ဆယ်လူလာဖုန်းများကိုလည်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးများ၏ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်