Subscribe to our RSS Feed

မတ်လ ၆ရက်နေ့မှစတင်ကာ အိန္ဒိယ ရုပ်ရှင်ပွဲတော်အတွက် လက်မှတ် ထုတ်ယူနိုင်ပြီ

From : MRTV4

အိန္ဒိယရုပ်ရှင်ပွဲတော် ပြသဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီး လက်မှတ်တွေကိုတော့ မတ်လ (၆) ရက်နေ့မှ စတင်ကာ အိန္ဒိယသံရုံးမှာ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အိန္ဒိယ ရုပ်ရှင်ပွဲတော်အတွက် လက်မှတ်ထုတ်ပေးမှုကို လူတစ်ဦးလျှင် လက်မှတ်(၁) စောင်နှုန်းနဲ့သာ ထုတ်ပေးသွားမှာဖြစ်ပြီး ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ စုစုပေါင်း (၆)ကား ပြသသွား မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အိန္ဒိယရုပ်ရှင် ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ချစ် ပရိသတ်များ၊ ကြည့်ရှုသူများကို ဇာတ်အိမ်ခိုင်မာသော မေတ္တာဘွဲ့ ဇာတ်ကားများ၊ စိတ်လှုပ်ရှားဖွယ် ဇာတ်ကားများ၊ စွဲလန်းမှုနဲ့ မျှော်လင့်ခြင်း ဇာတ်လမ်းများနဲ့ ရွှင်မြူး တက်ကြွ လန်းဆန်းစေလိုသော ရည်ရွယ်ချက်ဖြင့် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲကို  မတ်လ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရန်ကုန်မြို့ နေပြည်ေ တာ် ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ မတ်လ (၁၉)ရက်မှ (၂၃)ရက်နေအထိ ပြသသွား မှာ ဖြစ်သလို ပြင်ဦးလွင်မြို့ မှာလည်း မတ်လ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ ပြသသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်