Subscribe to our RSS Feed

အအေးဒဏ် ခံနိုင်သည့် ကျည်ဆန် ရထားကို တရုတ် တီထွင်နေ

From : MRTV-4



တရုတ် အင်ဂျင်နီယာတွေဟာ အပူချိန် သုညအောက် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိ အအေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျည်ဆန်ရထား တစ်မျိုးကို တီထွင်ခဲ့တယ်လို့ သုတေသီ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကျည်ဆန် ရထားသစ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် တရုတ် အမျိုးသား နိုင်ငံရေး အကြံပေး ကွန်ဖရင့်မှာ တရုတ် မီးရထား သိဆိုင်ရာ တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျည်ဆန် ရထားရဲ့ ပုံစံတူကို တရုတ် နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ရထား တည်ဆောက်ရေး ကုမ္ပဏီ CNR ကော်ပိုရေးရှင်းမှေ ဆာက်လုပ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ရထားကို စမ်းသပ်စစ်ဆေးမှုတွေနဲ့ လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရထားမှာ တပ်ဆင်မယ့် ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေကို ပြေးဆွဲခြင်း မပြုမီမှာ အလွန် အေးခဲတဲ့ အခြေအနေမျိုးမှာ စမ်းသပ်မှုေ တွ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကျည်ဆံ ရထားရဲ့ စမ်းသပ်မှု အောင်မြင်ခဲ့ရင် ယခု နှစ်ကုန်ပိုင်းမှာ တရုတ် နိုင်ငံ အရှေ့ မြောက် ပိုင်းရှိ Harbin နဲ့ Dalian မီးရထား လမ်းကြောင်းမှာ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်