Subscribe to our RSS Feed

မဲရုံအတွင်း ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခွင့် ရမည်ဟုဆို

From : The Voice

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် မဲရုံအတွင်းသို့ တရားဝင် ဝင်ရောက်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်များ အနေဖြင့် လှိျု့ဝှက် ဆန္ဒမဲ ပေးခြင်းနှင့် မဲရုံမှူးများ၏ ဥပဒေအရ လုပ်ပိုင်ခွင့်များကို အနှောင့်အယှက် မပြုလျှင် ဗီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာနှင့် ဖုန်းများကို တရားဝင် သယ်ဆောင် ရိုက်ကူးခွင့် ရှိသည်ဟု ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက ပြောကြားလိုက်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရသည်။

ပြည်သူ့ဒီမိုကရေစီ ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက ၂၀၁၀ ရွေးကောက်ပွဲ အတွင်း ဖြစ်ပွားခဲ့သည့် မဲ မသမာမှုများနှင့် မဲရုံ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များကြောင့် ပါတီများနှင့် အငြင်းပွားဖွယ် ကိစ0x081စရပ်များ ယခု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံ မဖြစ်ပွားစေရန် မည်သို့မည်ပုံ ဆောင်ရွက်ထားကြောင်း မေးမြန်းချက် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

" ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို ဖြေတာကတော့ မဲရုံ အတွင်းကို တရားဝင် ဝင်ရောက်ခွင့် ရရှိထားတဲ့ မီဒီယာသမားတွေ၊ ကိုယ်စားလှယ်လောင်း တွေနဲ့ မဲရုံမှာ စောင့်ကြည့်ဖို့ ပါတီက စေလွှတ်ထားတဲ့ သူတွေဟာ လှိျု့ဝှက်ဆန္ဒမဲ ပေးတဲ့ မဲဆန္ဒရှင်တွေနဲ့ မဲရုံမှူးတွေရဲ့ ဥပဒေအတိုင်း လုပ်ဆောင်မှုတွေကို အနှောင့်အယှက် မပေးရင် ဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးနိုင်တဲ့ ကင်မရာတွေ၊ ဖုန်းတွေ ယူဆောင် မှတ်တမ်းတင်ခွင့် ရမယ်လို့ ပြန်ဖြေပါတယ် ခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက မဲရုံမှူးတွေနဲ့ ပါတီတွေ အကြား အငြင်းပွားခဲ့ ရတာမျိုးတွေ ထပ်မဖြစ်တော့ဘူးလို့ ယူဆရတာ ပေါ့ဗျာ၊ မဲမသမာမှုတွေ ရှိလာရင်လည်း အထောက် အထား ခိုင်လုံအောင် ပြနိုင်ပြီပေါ့ " ဟု ပြည်သူ့ ဒီမိုကရေစီ ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲတွင် ကော်မရှင်ဥက္ကဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲ အတွင်း ဖြစ်ပွားခဲ့ သည့် မဲမသမာမှု စွဲဆိုချက်များကို ဗီဒီယို မှတ်တမ်းများ ကြည့်ရှု၍ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ထိုပွဲကို တက်ရောက်ခဲ့သည့် ပါတီများက ဆိုသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်