ကန့်ဘလူမြို့နယ် ချပ်သင်းဘူတာအ၀င်တွင် ရထားဆီတွဲလဲပြီး မီးလောင်ရာမှ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများထဲမှ ယနေ့အထိ ၁၅ ဦး ထပ်မံသေဆုံးရာ သေဆုံးသူဦးရေ ၄၀ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကန့်ဘလူမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ပွဲချင်းပြီး ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၉၃ ဦးရှိရာမှ ကန
့်ဘလူဆေးရုံသို့
တက်ရောက်ကုသနေသော လူနာများထဲမှ ၁၅ ဦး ထပ်မံသေဆုံး၍ သေဆုံးသူစုစုပေါင်း ၄၀
ဦးထိ ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ကန့်ဘလူဆေးရုံတွင် ဒဏ်ရာရသူမှာ ၆၈
ဦးသာ ကျန်ရှိတော့သည်။
ကျန်ရှိနေသော လူနာများထဲမှလည်း စိုးရိမ်ရသော အခြေအနေရှိသည့် လူနာအချို့ ကျန်နေသေးကြောင်း သတင်းရရှိသည်။
ထို့အပြင် ချပ်သင်းဆေးရုံတွင် နှစ်ဦးနှင့် ကျွန်းလှဆေးရုံတွင် ရှစ်ဦးလည်း ဒဏ်ရာရရှိသည့် လူနာများ ဆေးရုံတက်ရောက်နေသေးသည်။ သို့သော် ထိုဆေးရုံနှစ်ခုမှ လူနာများမှာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

1 comments:
နောက် ထပ် ၅ ဦး ထပ် ဆုံး တယ် ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်