Subscribe to our RSS Feed

'သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သို့ အိပ်ဖွင့်ပေးစာ''

From : (Ko Navana)


 ဒီဖက်ခေတ် ဒီမိုကရေစီအစိုးရလက်ထက်မှာ.. '' နောက်ကြောင်းပြန်လှည့်ဖို့ အစီအစဉ် ရှိ-မရှိ '' ဆိုတာကို လူတိုင်း စိတ်ဝင်တစား ရှိနေတာ တွေ့ရတယ်..။

အခုထိလည်း.. ဘယ်ကမှ ကံသေ-ကံမ နောက်ကြောင်း ပြန်မလှည့်ပါဘူးရယ်လို့.. အာမခံ ပြောဆိုတာ ထင်ထင်လင်းလင်း မတွေ့မိဘ
ူး..။ အာမခံသူက အာမခံသည့်တိုင်.. ယုံရမှာလားဆိုတာလည်း မသေချာဘူး..။

သမ္မတကြီးက ဆိုရင် '' အဲဒါက ပြည်သူတွေအပေါ်မှာ မူတည်ပါတယ် '' လို့.. မေးခွန်းကို ပြည်သူနဲ့ပြန်ချည်သွားတာ တွေ့ရတယ်..။

့ဘယ်လိုပဲဖြစ်ဖြစ်.. နောက်ကြောင်းတော့ ပြန်မလှည့်ကောင်းပါဘူးရယ်လို့.. ယုံကြည်မျှော်လင့်နေမိပါတယ်..။

သို့သော်.. ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့  '' ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး '' ဆိုတဲ့ ဆောင်းပါးကို မိုးမခမီဒီယာ ၀က်ဘ်ပေ့ခ်ျ မှာ ဖတ်ရတော့.. ဆရာကြီးတို့အနေနဲ့ အနာဂါတ်ကို ကျောပေးပြီး အတိတ်ဖက် မျက်နှာမူနေတာလားလို့ အတွေးပွားမိရာက.. ဒီစာကို ရေးပါတယ်..။

'' ကျောင်းသားလှုပ်ရှားမှု '' သမိုင်းကို ပြုစုတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းကြီး ကိုအောင်ထွန်းက.. ယခင်အစိုးရ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှစ်ယောက်ကို နာမည်တပ်ပြီး သူတို့လုပ်ရပ်တွေအတွက် အမှားဝန်ခံ ပြန်လည်တောင်းပန်ရမယ်လို့ တောင်းဆိုတာကို ဆရာကြီးက ထပ်ဆင့်ထောက်ခံကြောင်း ရေးထားတဲ့ သတင်းဆောင်းပါးပဲ..။

မူရင်းက.. အောက်တိုဘာ-၁၃ ရက်ထုတ်.. Myanmar Independence Journal မှာပါတယ်လို့ သိရပါတယ်..။

ပထမဦးဆုံးအနေနဲ့.. ဆရာကြီးဦးဝင်းတင်ကို အင်မတန်လေးစားတဲ့အကြောင်း ပြောလိုပါတယ်..။

သူ့ဆောင်းပါးကို ဖတ်ရတော့.. ပိုလို့တောင် လေးစားမိရပါတယ်..။

စစ်ကြောရေး လက်ချက်နဲ့ သွား-၀တ်လစ်စလစ် ၇ နှစ်ကြာအောင် နေခဲ့ရပုံ- ဖွားဖက်တော်တစ်ရှင်း နတ်သင်းဖြစ်ရပုံ- လွတ်ပြီဆိုပြီးမှ ထောင်ထဲပြန်ဆွဲသွင်းခံရပုံ တွေဟာ.. တကယ့်ကိုအံသြ-ထိတ်လန့်-တုန်လှုပ် စရာတွေပါပဲ..။ တော်ရုံ စိတ်ဓါတ်-တော်ရုံယုံကြည်ချက်-တော်ရုံပေးဆပ်မှုနဲ့ လွန်မြောက်လာနိုင်စရာမရှိတဲ့ ကမ်းကုန်အောင်ရက်စက်မှုတွေပါပဲ..။

သို့သော်.. အဲဒီပေးဆပ်မှုတွေဟာ.. ဆရာကြီးတို့အနေနဲ့ ပြည်သူ့အတွက်ပေးဆပ်ခဲ့တာတွေ ပဲ မဟုတ်လား..။

ကျးဇူးတော်ရှင် တောင်မြို့အရှင်ဇနကာဘိဝံသ ရဲ့  '' ကိုယ်တည်းတစ်ယောက် ကောင်းဖို့ရောက်မူ- ခုလောက်ကြိုးကုတ် အားမထုတ်ဘူး '' ဆိုတဲ့ တေးထပ်လို.. ဆရာကြီးတို့လည်း.. ကိုယ့်တစ်ယောက်လွတ်လပ်မှု အတွက်ပေးဆပ်ခဲ့တာမဟုတ်ဘဲ.. ပြည်သူတစ်ရပ်လုံး လွတ်မြောက်စေလိုတဲ့ စေတနာ အရင်းခံ ပြီး ကြိုးကုတ်ခဲ့တာလို့ ယုံကြည်ပါတယ်..။

အဲသလို ပြည်သူ့အတွက် ပေးဆပ်ခဲ့လို့လည်း ဆရာကြီးတို့သွားလေရာ-ရောက်လေရာမှာ.. ပြည်သူက၊ ကြည်ဖြူစွာကမ်းတဲ့လက်.. ဆရာကြီးတို့ လူစေ့အောင်တောင် ပြန်မဆုပ်မကိုင်နိုင် ဖြစ်ရပါတယ်...။

ဒါကြောင့်မို့.. ဆရာကြီးရဲ့  '' ကာလပေါ် ငရဲခွေးကြီးများ လွတ်နေသေး '' ဆိုတဲ့ တောင်းဆိုချက်ဟာ ပြည်သူ့အကျိုး- ရည်မျှော်ကိုးပြီး တောင်းဆိုတာမျိုးပဲ ဖြစ်စေချင် ပါတယ်..။ ကိုယ်လိုချင်တာ မရဘဲ- အကျိုးထက် အပြစ်များနိုင်တဲ့ တောင်းဆိုမှုတွေ ဖြစ်မသွားဖို့ အရေးကြီးပါတယ်..။

ဒီလိုပြောလို့.. ဆရာကြီးတို့ ပေးဆပ်ခဲ့ရတာတွေ-တခြားအာဇာနည်တွေရဲ့  အားထုတ်မှုတွေကို လစ်လျူရှုပြီး.. မှားခဲ့တာတွေကို ဒီအတိုင်းထားလိုက်ပါလို့ တိုက်တွန်းနေတာ တော့ မဟုတ်ပါဘူး..။

ဘယ်သူမှားတယ်-ဘယ်သူမှန်တယ် ဆိုတာ.. ကာယကံရှင်တွေရဲ့  နှုတ်မြွက်ဝန်ခံစကား ကြားရမှ.. သိရတာမျိုး မဟုတ်ပါဘူး..။ ကာယကံရှင်က.. သူမမှားဘူးလို့ ဘယ်လိုပဲ ဖင်ပိတ်ငြင်းငြင်း.. သူမှားတာကို လူတကာသိနေရင်.. သူ့ဆီက အမှားဝန်ခံချက်ဆိုတာ.. မလိုအပ်တော့ပါဘူး..။

မပေးချင်တဲ့ အမှားဝန်ခံချက်ကို ဇွတ်တောင်းသည့်တိုင် ပေးမယ်လို့လည်း မထင်ပါဘူး..။ ပေးသည့်တိုင်.. ကြည်ကြည်ဖြူဖြူနဲ့ သူတို့အပြစ်သူတို့သိမြင်ပြီး ပေးတာမျိုး မဟုတ်လို့ အဖိုးလည်း တန်မထင်ပါ..။

ဆိုတော့-

အခုလို.. နောက်ကြောင်းပြန်လှည့်ဖို့ ရှိ-မရှိ ဇဝေဇ၀ါဖြစ်နေချိန်၊

တပ်ချုပ်နဲ့ ဒေါ်စု တစ်ခါမှ မတွေ့ဖြစ်ကြတာကို နားမလည်နိုင်အောင်ဖြစ်နေတဲ့အချိန်၊

ပွင့်သစ်စဒီမိုကရေစီ နဲ့အတူ ပြဿနာပေါင်းသောင်းခြောက်ထောင်က ဟိုကဒီက အလွှာပေါင်းစုံ-နည်းမျိုးစုံက အုံကြွလှုပ်ရှားနေချိန်၊

... မှာ.. ဆရာကြီးရဲ့  '' ကာလပေါ် ငရဲခွေးကြီးများ လွတ်နေသေး '' ဆိုတဲ့ ဆောင်းပါးပါ တောင်းဆိုမှုကို.. အားနာနာနဲ့ မထောက်ခံနိုင်ကြောင်း ပြောပါရစေ..။

ဘောလုံးကန်တာ.. ခရစ္စတီယာနို ရော်နယ်ဒို ရဲ့  ခြေဖျားမမီသော်ငြား.. သူကန်တဲ့ပင်နယ်တီ လွဲသွားတာကိုကြည့်ပြီး.. ''ညံ့လိုက်တဲ့ ရော်နယ်ဒို-ဒါလေးတောင် မ၀င်ဘူး'' လို့ မချင့်မရဲ နဲ့ အပြစ်တင်တဲ့ ပရိတ်သတ် တစ်ယောက်လို.. ကျွန်တော့်ကို ဆရာကြီးသဘောထားပေးပါ ခင်ဗျား..။

တိမ်တောင်သဖွယ်-မင်းရေးကျယ်သတဲ့..။ လုပ်ပွဲကစားတဲ့အနေနဲ့ ဆရာကြီးတို့ ဘေးချော်ကန်လိုက်တာဆိုရင်တော့လည်း.. ကျွန်တော့်အမြင် မှားပေမပေါ့..။

ဆရာကြီး ကျန်းမာစွာ ချမ်းသာပါစေဗျား..။


 Myanmar Express 

7 comments:

He said about himself, he did for his faith not for us.

လက် ခံ ပါ တယ် ထောက် ခံ ပါ တယ် ဒါ ပေ မဲ့ ရာ ဇ ဝတ် ဘေး ပြေး မ လွတ် တို့  မ ကောင်း မှု ဟူ သည် စိတ် ကွယ် ရာ မ ရှိ ဆို တော့ အဲ ဒီ ရာ ဇ ဝတ် ကောင် တွေ ကို တိုင်း ပြည် ဂုဏ် သိ က္ခာ အ တွက် ခုံ ရုံး ဖွဲ့ စစ် ဆေး ဖို့  ရာ က မျိုး ချစ် စိတ် ရှိ သူ တိုင်း ရဲ့ တာ ဝန် ပါ

ဆရာကြီး ဦးဝင်းတင်က အသက်ကကြီး ဇရာကဖိစီး အနာရောဂါကနှိပ်စက်နဲ့ဆိုတော့ သူမသေခင် ဒီမိုကရေစီ အရသာကိုခံစားသွားချင်နေတာသိသာပါတယ် အဲဒီလော ဘစိတ်ကြောင့် ဆန္ဒတွေတအားစောပြီး ဒေါသစိတ်တွေဒွန် တွဲလာတတ်တာဓမ္မတာပါ နောက်ကြောင်းပြန်လှည့်မှာ ကြောက်ပြီး စိုးရိမ်ပူပန်စိတ်တွေဖုံးလွှမ်းနေပြန်တယ်။ အဲဒီလို လောဘ ဒေါသ မောဟတွေဟာဆရာကြီးအသက် အရွယ်အရ ကင်းရှင်နေမှ သေရင် ကောင်းရာမွန်ရာရောက်မှာပါ။ ကျုပ်တို့မြင်တာကိုပြောရရင် သမ္မတအဖွဲ့ လွှတ်တော်က ပုဂ္ဂိုလ်တွေအားလုံးဟာ ဒီမိုကရေစီလမ်းကြောင်းကိုပုံဖေါ် လျှောက်လမ်းနေကြတာသေချာပါတယ်။သူတို့အသက်အ ရွယ်အရ ဒီအချိန်ဟာကောင်းရာမွန်ရာလုပ်ရမဲ့အချိန်ဖြစ်လို့ပါဘဲ သူတို့နောက်ပြန်လှည့်မဲ့လူစားတွေမဟုတ်ပါဘူး နှစ်ရှည်စီမံကိန်းတွေချခဲ့တာ စီမံချက်အတိုင်းဒီမိုကရေစီကိုပုံဖေါ်ခဲ့တာ ထင်သာမြင်သာ ပါတယ် ပြီးရင်ဒီမိုကရေစီအသီးအပွင့်တွေခံစားစံစားနေတဲ့ပြည်သူ တွေကို ဘေးကထိုင်ကြည့်ရင်း ပီတိတွေနဲ့နေမဲ့သူတွေပါ မတူတဲ့လမ်းကလျှောက်သူချင်း အမြင်မတူပေမဲ့ ပန်းတိုင်တူနေတာကိုတော့ ကျုပ်တို့မြင်နေရပါတယ် နှစ်ဘက်စလုံးကိုပြောချင်တာက ခင်ဗျားတို့ရောက်မဲ့ပန်း တိုင်ကအတူတူဘဲ လျှောက်တဲ့လမ်းမှာခလုတ်မထိဘို့လို တယ် ကျုပ်တို့အယူအဆကတော့ အတိတ်ကဝဋ်ကျွေးရှိ ရင်ခံရတတ်တယ်လို့တရားနဲ့ဖြေပါတယ် ဆရာကြီးလည်း တရားဘက် အာရုံစိုက်နှိုင်ပါစေလို့ဆုတောင်းပါတယ်။

ကျွန် တော် ပြော မယ် ဆို ပြီး စိတ် ထဲ မှာ တော် ကြာ ပြီ ဦး ၀င်း တ င် ဟာ ဒီ နေ့ ခေတ် အမြင် မရှိ ဘူး လို့ ထင် တယ့့်  email ခောတ် မှာ ကျောက် သင် ပုန်း နဲ့ ကျောက်တံ ကိုင် နေ သ လို ဘဲ။ ရေး ထား တဲ့ စာ တွေ က လည်း အောက် တယ်။ မရှိ တော့ လည်း ရှိ သူ ဆရာ တင် ရ တာ ပေါ့

အဓိက နဲ့ သာမည ကို ခွဲခြားမြင်အောင်ကြည့်ပေးပါ သူများနောက်ကြောင်းလှည့်မှာစိုးရိမ်နေပြီး ကိုယ်ကနောက်ကြောင်းလှည့်နေပါလားလို့တွေးမြင်သတိ မူရင် တရားလက်မလွတ်တော့ဘူးပေါ့ ။ဆရာကြီးစာတွေ အာဃာတတွေ များလွန်းနေပါတယ် ဆရာကြီးကိုလေးစား ပေမဲ့ အချို့စာတွေတော့ လူတိုင်းလက်မခံပါဘူး။

အလကားလူကြီးပါ ကိုယ့်ထက်အသက်လည်းငယ် ကိုယ့်ထက်လည်း ဘုန်းနိမ့်တဲ့ ဟိုလင်တရူးမ အာဏာရူးမကြီးအလိုကျ လိုက်လုပ်နေရတဲ့ ငဒူကြီးတွေပါ လူတကာတိုင်းကို အကောင်းမမြင်တတ်တဲ့ ဒိဌိကြီးတွေ သူတို့ကသာ သေရင် ငရဲရောက်ပြီး ခွေးလို ဝက်လို ခံရမှာသေချာတယ်

Bro ....please think abt possitive way ...we know u r level is nothing...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်