From : သမ္မတရုံး
Myanmar Express
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌
ကျင်းပမည့် (၉)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်
အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ
အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်
ဗီယင်ကျန်းမြို့ ဝပ်တေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး H.E.
Prof. Dr. Eksavang Vongvichit၊ သဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Noulin Sinhbandith၊ စာတိုက်၊
ကြေးနန်းနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Hiem Phommachanh၊
စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Vilayvanh
Phomkhe၊ ဗီယင်ကျန်းမြို့ ဒုတိယ မြို့တော်ဝန် H.E.Mr. Soukanh Muhuluth၊
မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးH.E. Mr.Nilahath SAYARATH၊
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး
ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်နှင့် သံရုံး၊
စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ဗီယင်ကျန်း မြို့ရှိ
ဒေါင်ချန်းဧည့်ဂေဟာသို့ ရောက်ရှိကြသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်